(21)

15.6K 2.5K 309
                                    

Unicode

ကောင်းကင်တစ်ခုလုံးက သွေးနဲ့ ခင်းတဲ့ ကော်ဇော တစ်ချပ်လိုမျိုး ထူးခြားစွာနဲ့ နီနီစွေးတယ်။

သိပ်မကြာခင်ကမှ ပြီးသွားတဲ့ စစ်ပွဲတစ်ခုကြောင့် အရှေ့ဖက်ဆည်မြောင်း တစ်ဝိုက်မှာ ကျဆုံးစစ်သားတွေရဲ့ အလောင်းတွေက ပုံလို့ ထပ်နေတယ်။

တကယ့် သုသာန်တစပြင် တစ်ခုလို.. ။

ငှက်ဆိုး တစ်ကောင်က တဂစ်ဂစ်နဲ့ မြည်သံပေးသွားလေသေးတော့ ခြောက်ခြားစရာ အတိပဲ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ငှက်ဆိုး တစ်ကောင်က တဂစ်ဂစ်နဲ့ မြည်သံပေးသွားလေသေးတော့ ခြောက်ခြားစရာ အတိပဲ။

"ပြန်တော့ ရှောင်ပါး ! ရှောင်ပါးကို ပြန်ခေါ်သွားစမ်း ရှောင်စုန် "

လေသံတစ်ခုက ခပ်တိုးတိုးကလေး ပျံ့လွင့်လာတယ်။ တိုးတိုးကလေး သို့ပေမယ့် သံယောဇဉ်တွေ ရစ်ထွေးသိုင်းခြုံတယ်။

လေသံပိုင်ရှင်က နတ်ဝံပုလွေတို့ရဲ့ သခင်။ အခုတော့ ဒဏ်ရာတွေ အလိမ်းလိမ်းနဲ့။ အားလုံးက သေနိုင်လောက်တဲ့ နေရာတွေချည်းမှာ။

"စစ်ပွဲတွေ မနွှဲရတာ ကြာလို့ ထင်တယ်။ ငါ့ တိုက်ရည်ခိုက်ရည်တွေ အတော်လေး လျော့သွားပြီ"

ရင်ဘတ်မှာ စိုက်နေတဲ့ မြားတစ်စင်းကို ဆွဲထုတ်လိုက်တော့ ပန်းထွက်လာတဲ့ သွေးတို့က မနည်းမနောပဲ။ အချို့က အနားမှာ ရှိနေတဲ့ ဝံပုလွေ နှစ်ကောင်ကို သွားလို့ စင်တယ်။

"၃ရက်ရှိပြီ။ ထွက်လာခဲ့တာ ! လိုက်ရှာတဲ့ အရိပ်အယောင်လည်း မတွေ့ရဘူး။ တကယ်ကြီး ငါ့ကို မလိုအပ်တော့ဘူးနဲ့ ထင်တယ်! ဟုတ်လား ရှောင်ပါး ! အိုက်ယား ! မင်းကလည်း ငါက ဘယ်မှာ ငိုနေလို့လဲ"

ရှောင်ပါးဆိုတဲ့ ဝံပုလွေငယ်က တအူအူနဲ့ အော်ဟစ်ရင်း ဒဏ်ရာတို့က သွေးတွေကို လျက်တယ်။ သွေးတို့ ကုန်စင်ခဲ့ရင် သခင်က သက်သာသွားလိမ့်မလားဆိုတဲ့ မျှော်လင့်ချက် ကလေးနဲ့။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now