(18)

16.2K 2.3K 267
                                    

ဗဟိုရ်စည်သံက သုံးချက်ကြားလိုက်ရတယ်။

တစ်ဆောင်လုံးက အမှောင်ကျလို့ ဖြာကျနေတဲ့ လရောင်ကလွဲ ဘာအလင်းရောင်မှမရှိ။

ချုံရင်းဟွာ သတိရလာတယ်။
ခေါင်းတစ်ခြမ်းက နာကျင်နေဆဲ၊ နောက်ပြီး အရိုက်ခံလိုက်ရတဲ့ ပါးပြင်ကို ယောင်ယမ်းပြီး စမ်းကြည့်မိတယ်။

သူတကယ်ပဲ ဘာဖြစ်သွားတာလဲ။

ဒီကုန်းကျူက ပါးရိုက်ခံလိုက်ရတာလား။
နောက်ပြီး ဧကရာဇ်အရှင်က သူ့ ဇက်ပိုးကို အုပ်ချလိုက်တယ်။ အားပြင်းလား မပြင်းလား ဆိုတာက သူသတိလစ်သွားတဲ့ အထိပဲလေ။

ဒါအိပ်မက်ပဲ။
သေချာပေါက် အိပ်မက်ပဲ ဖြစ်လိမ့်မှာ။
ဧကရာဇ်က သူ့အပေါ် ဘယ်လောက်အထိတောင် မြတ်နိုးလိုက်လေသလဲ။

ုမြတ်နိုးလွန်းအားကြီးလို့ ယောက်ျား တကာ ငမ်းငမ်းတက် လိုချင်လွန်းအားကြီးတဲ့ သူ့ကို လက်ဖျားလေးနဲ့တောင် မတို့မထိခဲ့ဖူးဘူးလေ။

နန်းဆောင်မှာ အချိန်လာကုန်ဆုံးတဲ့ ရက်စွဲတွေမှာ နျဲ့နယ်ဖက်ကို ဘယ်လိုတိုးတက် ကောင်းမွန်အောင် လုပ်မယ်ဆိုတာတွေ ၊ ဟန်ကွေ့ရဲ့ နန်းတွင်းရေးရာတွေရယ်ကိုသာ အမြဲလိုလို ဆွေးနွေးတိုင်ပင်နေခဲ့တာ။

ုကွေ့ဖေး အဖြစ် တင်မြှောက်ခံရလို့ မကြာမီမှာပဲ ညန်အလှဂေဟာမှာ ကိုယ့်သဘောနဲ့ကိုယ် သွားလုပ်မယ် ဆိုတုန်းကလည်း ကိုယ့်ကိုယ်ကိုယ် သိပ်အထိခိုက်မခံဖို့အရေး တဖွဖွ မှာရှာတာ။

အခု အဲ့သလို မြတ်နိုးပေးတဲ့ ဟန်ကွေ့ဧကရာဇ်က ဒီကုန်းကျူကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်လား။ မဖြစ်နိုင်တာ ။

ဘွဲ့ အဆောင်အယောင်နဲ့ ချီးမြှင့်မြှောက်စားခြင်း ခံယူပြီးမှ ကိုယ်တော်က ကွေ့ဖေးနဲ့အတူ အိပ်ဆောင်ဝင်မယ်လို့တောင် ပြောခဲ့သေးတာလေ။

နောက်ပြီး ဟိုကြင်ယာတော်ဆိုသူက ဘယ်တုန်းကမှ အရှင်က တအား ချစ်မြတ်နိုးခဲ့တာ မဟုတ်ဖူးမလား။ မိမိခေါင်းပေါ် သေရည်တွေ လောင်းချတဲ့ အမှုကြောင့် မင်္ဂလာ စင်မြင့်ပေါ်က ဒလိမ့်ခေါက်ကွေး ပြုတ်ကျအောင် တွန်းချပစ်တာလေ။ အဲ့သလို ပြုတ်ကျသွားလို့ ပွဲတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်ပြီး မယ်တော်ကြီးရဲ့ အကြံအစည်တွေ လွဲချော်သွားတာတော့ ကဲ ! ထားပါတော့။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now