(23)

15.6K 2.1K 97
                                    

Unicode

ဈေးသည်ကလေးက ကြင်ယာတော် ဖြစ်မှန်း သေချာကြောင်းကို ဧကရာဇ်က ခပ်စောစောကတည်းက သိနှင့်ပါတယ်။

တိတိကျကျ ပြောရရင်ဖြင့် ညန်အလှဂေဟာရဲ့ အမှုကိစ္စပြီးလို့ အိုက်ချွမ်ရဲ့ ဦးခေါင်းပြတ်ကို ဝံပုလွေစာ သွားကျွေးတဲ့ အချိန်ကတည်းက ဖြစ်တယ်။ ရှစ် ကောင်သော နတ်ဝံပုလွေတို့ထဲက ကြင်ယာတော် သခင်ရှောင်းနဲ့ အနီးစပ်ဆုံး နှစ်ကောင်က ပျောက်ဆုံးလို့ နေတယ်။

အကြီးဆုံး နှစ်ချို့ ဝံပုလွေမကြီး ရှောင်စုန်နဲ့ အငယ်ဆုံးကောင် ရှောင်ပါး။

အဆောင်အယောင်တွေ သိမ်းပိုက်ပစ်ပြီး သာမာန်အရပ်သူ တစ်ယောက်အနေနဲ့ နတ်ဝံပုလွေတို့ကို ထိန်းကျောင်းရင်း ရှင်သန်ထားခိုင်းတဲ့ လီကျူယဉ်က ဘာကြောင့် ဒီအကြောင်း မလျှောက်တင်ဘဲ ထိန်ချန်ထားရလေသလဲ။

အမျက်တော်က ရှသွားပေမယ့် အလျင်စလို မဆုံးဖြတ်သေးဘူး ။ စိတ်ကို ခပ်မြန်မြန် သွားခွင့်ပြုလိုက်လျှင် ဟိုးအရင်က ဆိုးဝါးတဲ့ အဖြစ်ပျက်တွေက တစ်ပတ်ပြန်လို့ လည်လာလိမ့်မယ်။

စိတ်ကို ခဏ ချုပ်တည်းလို့ တောင်ကုန်းအမြင့်မှာ ကျန်လူနေအိမ်တွေနဲ့ သီးခြား တည်ဆောက်ထားတဲ့ ရှောင်းမျိုးနွယ်စု စံအိမ်ကို ဧကရာဇ်က ဦးတည်လို့ မြင်းကို အသော့နှင်လိုက်တယ်။

ဖုန်တထောင်းထောင်းနဲ့ နေထိုင်သူမဲ့တဲ့ စံအိမ်တော်က ဆီးလို့ကြိုတယ်။ တံခါးကို တွန်းလို့ဖွင့်ရင်း စံအိမ်ရဲ့ အတွင်းပိုင်းအထိ ဝင်ရောက်သွားတယ်။

ရှောင်းအကြီးအကဲ၏ အိပ်ခန်းဆောင်တော်။

တံခါးက တစ်ခုခုနဲ့ အတင်းအကျပ် ပိတ်ဆို့ထားသလိုမျိုး ။ ကြွယ်ဝတဲ့ မျိုရိုးအနွယ်တွေဖြစ်လို့ ဈေးကြီးကြီး ပေးရတဲ့ ဆန်းပြားတဲ့ အတတ်ပညာနဲ့ ဖန်တီးထားတဲ့ တံခါးက ဖွင့်လို့ရယ်မရ။

ရင်ဘတ်ထဲ အမြဲ ထည့်သိမ်းလို့ ဆောင်ထားတဲ့ ကျန့်လို့ ထွင်းထုထားတဲ့ ကျောက်စိမ်းပြားကို ထုတ်လိုက်တယ်။ တံခါးရှေ့မှာ ရှိနှင့်တဲ့ အပေါက်ငယ်က တစ်ဆင့် ကျောက်စိမ်းပြားကို ထည့်လိုက်တာနဲ့ အလိုအလျောက် တံခါးက ပွင့်လေတယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now