final

28.5K 2.8K 475
                                    

Unicode
"ပြေး ... နောက်ကို လှည့်မကြည့်ဘဲ ပြေး! ကျွန်တော့် သခင်တွေအတွက် ဒီအမျိုးသမီးပြန်လာတာကို စောင့်ပြီး ရက်ရက်စက်စက်ကို သတ်ပစ်မှာဖြစ်လို့ အစ်မတော်က နောက်ကို လှည့်မကြည့်ဘဲ အချိန်မီအောင် ပြေး"

ကျူယဉ် မြင်းကို ဒုန်းစိုင်းလို့ စီးနင်းလိုက်တယ်။ ကျူယဉ်ကို ချုံရင်းဟွာ ချုပ်နှောင်ထားတဲ့ နေရာက တခြားမဟုတ်ဖူး။ ညန်အလှဂေဟာရဲ့ မြေအောက်ခန်းထဲမှာ။

လာရောက် ကယ်ဆယ်သူက ယွဲ့! ဟန်ကွေ့ရဲ့ သေနာပတိချုပ် ယွဲ့! မိတ်ဆွေအရင်းအချာကြီး ယွဲ့!
ဧကရာဇ်ရဲ့ ဝမ်ယွဲ့!

ဧကရာဇ်ရဲ့ အမိန့်တော်နဲ့ ကျူယဉ်ကို ကယ်ဆယ်ဖို့ရာ နေရာအနှံ့အပြားမှာ လိုက်ရှာစေခဲ့တယ်။ ချစ်ရသူရဲ့ သံယောဇဉ်ကြီးရာ အစ်မတော်ဖြစ်နေလို့ မတွေ့တွေ့အောင် ရှာစေဖို့ မိန့်ခဲ့တယ်။

ဒါနဲ့! ဧကရာဇ်က တဆိတ်လောက် ခေါင်းမာလွန်းတယ်။ အချုပ်ခန်းစောင့် ရဲမက်ဟန်ဆောင်ပြီး ကယ်ဆယ်ဖို့ သွားခဲ့တဲ့ သေနာပတိချုပ်ရဲ့ လက်ကို လှမ်းမကိုင်ခဲ့ဘူး။ သူ့က ပြစ်ဒဏ်နဲ့ ထိုက်တန်တာကြောင့် ရှောင်းမင်းသမီးကိုသာ အရှေ့ဖက်ဆည်မြောင်း နယ်စပ်ဒေသမှာ နှံ့စပ်အောင် ရှာဖွေစမ်းတဲ့! ဒါဟာ ယွဲ့ ထမ်းရွက်ရမယ့် နန်းကျဧကရာဇ်ရဲ့ နောက်ဆုံးသော အမိန့်တော်ဖြစ်တယ်။

...........။.........

ကျူယဉ် လက်ထဲက သေတ္တာကို တင်းတင်း ဆုပ်ကိုင်ထားတယ်။ မြိုသိပ်ချုပ်တည်းပြီး ချစ်ကြောင်းကို မဖော်ပြတတ်သူကြီးအကြောင်းတွေ မောင်ငယ် ရှောင်းကျန့် သိစေရမယ်။

ဧကရာဇ်က အမှန်တကယ်ပဲ မင်းကို မြတ်နိုးပါသတဲ့ကွယ်။ ဧကရာဇ် အရှင်နဲ့ ရိပေါ်က အတူတူပါပဲ။

မင်းကို အရမ်းချစ်ကြတယ် ရှောင်းကျန့်ရဲ့!

.........။.........

"ဟင်!"

ရှောင်းကျန့်ဆီက ထွက်လာတဲ့ အာမေဋိတ်အသံက တစ်လုံးတည်း။

မျက်ရည်က မျက်ဝန်းထဲမှာ ဝေ့နေပေမယ့် စီးကျမလာသလို ၊ ငိုလို့လည်း မရပေဘူး။ လက်ထဲက ပစ္စည်းတွေရဲ့ နောက်ကြောင်းကို သေချာစွာ ရှင်းပြနေတဲ့ အစ်မတော်ရဲ့ အသံကိုလည်း မကြားမိတော့သလို မျက်နှာကိုလည်း သဲကွဲစွာ မမြင်မိတော့ဘူး။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now