(9)

16.3K 2.6K 202
                                    

ဧကရာဇ်က ကျွန်တော့်ကို မြတ်နိုးပုံ ရသားပဲတဲ့။

ထွီ!

အနည်းငယ်မျှတောင် နေရာ မပေးခဲ့တာပါ။

သေနာပတိချုပ် လာရောက် ဖိတ်ကြားတဲ့ပွဲကို တက်ရောက်ရမဟဲ့ဆိုပြီး သွေးနားထင် ရောက်ခဲ့တဲ့ ကျွန်တော် ရှက်လွန်းလို့ ! ရှက်လွန်းအားကြီးလို့ ပျောက်ကွယ်သွားချင်ပြီ။

တကယ်ပဲ နှင်းဖြူ၀ံပုလွေတို့ရဲ့ သခင်က ဒီနန်းတွင်းမှာ တကယ့်ကို မြူမှုန်တစ်မှုန်လောက်တောင် အရေးမပါ အရာမရောက်ခဲ့ဖူးပဲ။

နားနဲ့ မဆန့်အောင် ကြားနေရတဲ့ လှောင်ရယ်သံတွေ ၊ တီးတိုးဆိုသံတွေကို အားတင်းပြီး မကြားချင်ယောင်ဆောင်ရတယ် အစ်မတော်ရဲ့။

စိတ်ရှိတိုင်းဆိုရင် ကျွန်တော် အဲ့ဒီလူတွေကို သတ်ပစ်လိုက်ပြီးပြီ။ ဒါပေမယ့် အဲ့သလို လုပ်လိုက်လို့ ဧကရာဇ်က ကျွန်တော့်ကို လုံး၀ကို မုန်းတီးသွားရင် ဘယ့်နှယ့် လုပ်ရပါ့! တစ်ချက်လေးမှတောင် လှည့်မကြည့်တော့ဘူး ဆိုရင်ရော ဘယ်လိုလုပ်ရပါ့!

ကျွန်တော် စိတ်ကို အတတ်နိုင်ဆုံး ထိန်းရင်း အဲ့သည့်ပွဲမှာ ဆက်ရှိနေခဲ့တယ်။

ပွဲက တရားရေး ၀န်ကြီး နဲ့ နျဲ့မင်းသမီးကြီးတို့ရဲ့ သမီးတော် ချုံရင်းဟွာကို ချုံကွေ့ဖေး (တော်၀င် ကိုယ်လုပ်တော်) အဖြစ် ချီးမြှင့်တဲ့ အခမ်းအနားလေ ။

ကျွန်တော်က အရူး ! အစ်မတော်ရဲ့။ ရူးလွန်းအားကြီးလို့ ဘိုးဘေးတွေသာ သိရင် သေရာကနေ ထလာပြီး ကျွန်တော့်ကို ၀ံပုလွေစာ ကျွေးပစ်လောက်တယ်။

ဒါပေမယ့် ကျွန်တော်ကတော့ အစော်ကားခံရမှု ၊ နှိမ့်ချမှုတွေကို အကုန်မေ့လျော့ပြီး ဧကရာဇ် မျက်နှာတော် တစ်ခုကို ဖူးရင်း ရူးသွပ်နေခဲ့တာ။

ညံ့ဖျင်းစွာနဲ့ ချစ်ခြင်းတရားမှာ ရူးသွပ်ခစားခြင်း ပေ့ါလေ။

ကျင်းပပေးတဲ့ နေရာက ဟိုဥယျာဥ်လေ။ ကျွန်တော်တို့ ရှောင်းမျိုးနွယ်စုတွေကို တိုင်းတစ်ပါးသား ဖြစ်လို့ ၀င်ခွင့်မရှိဆိုပြီး တားမြစ်ခံခဲ့ရတဲ့ ဥယျာဥ်လေ။ တအား သဘောကျလွန်းလို့ ကျွန်တော် အပိုင်စားရတဲ့ ရေခဲနန်းဆောင်ကနေ ခပ်ငေးငေးပဲ ကြည့်ခွင့်ရှိခဲ့တဲ့ နေရာလေ ။ ရှေ့က ပို့တဲ့ စာတွေထဲမှာလည်း အဲ့ဒီ ဥယျာဥ်ထဲမှာ ပွင့်တဲ့ ဇီးပန်းဖြူတွေ အကြောင်း ပါသေးတယ်လေ ။ အစ်မတော် မှတ်မိရဲ့ မဟုတ်လား !

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ