(4)

18.6K 2.8K 80
                                    

'အလကားပါဟယ် ! သူ့ကိုယ်သူ သခင်ဘွဲ့ခံသလေး ဘာလေးနဲ့ အမှန်တော့ ကိုယ်လုပ်တော်တောင် မဟုတ် ဒီအတိုင်း ပျော်တော်ဆက် သာသာပါအေ !'

'ဒါနဲ့ ဧကရာဇ်က သူ့ နန်းဆောင်ဖက် မကြွမြန်းတာလည်း ကြာပြီမလား '

'အင်း ကြာပြီပေါ့ !ဟို တရားရေး ဝန်ကြီးရဲ့ သမီး ရောက်လာပြီးတဲ့ အချိန်က စတာပဲ !'

'ဧကရာဇ်က တခြား မိဖုရားတွေ အဆောင်သာ မကြွရင် နေရမယ် ။ အဲ့ဒီ မိန်းကလေး အဆောင်ကိုတော့ ညစဉ်ညတိုင်း ကြွရောက်တယ်ဆို'

'ဟုတ်တယ်လေ ! ဒါနဲ့ နောက်တစ်ပတ် အတွင်းလောက်မှာပဲ ဧကရာဇ်က အဲ့ဒီ မိန်းကလေးကို မိဖုရားအဖြစ် တော်ကောက်မယ် ဆိုလား !'

တောက် !!!

လူတစ်ယောက်လုံးကို မြင်ကာမှ မကြားကြားရလေအောင် ပြောနေကြတဲ့ အပျိုတော်တွေကို ဓားနဲ့ ခုတ်ပိုင်းပစ်ချင်တဲ့ ဒေါသစိတ်ကို ကြိတ်မှိတ် ဖြေဖျောက်ရတယ် ။

ရှောင်းမျိုးနွယ်စုရဲ့ မင်းသား ။
နှင်းဖြူ ဝံပုလွေတို့ရဲ့ အရှင်သခင်က ဒီနန်းတွင်းမှာ အစော်ကားခံစရာ နယ်ရုပ် သက်သက်ပဲလား ။

ကိုယ့်အဆင့်နဲ့ မိုးနဲ့မြေလို ကွာခြားတဲ့ ဒီအပျိုတော် မိန်းမတွေကတော့ လေးစားသမှု မပေးနိုင်ကြတော့ဘူးတဲ့လား ။

ချစ်တယ် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ကိုယ့်ဘိုးဘွားပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေကို လုံးဝကို ဝကွက် ထိုးအပ်မိတဲ့ အဖြစ်ကို နောင်တမရမိအောင် မနည်း ကြိုးစားရပါတယ် ။

သခင်ရှောင်းမှာ ပြန်စရာ အိမ်ကဖြင့် မဲ့ခဲ့ပြီ ။

ဆို့နင့်လာတဲ့ စိတ်နဲ့အတူ ငယ်ဘဝ ပျော်ရွှင်စရာ ပုံရိပ်တွေက ခေါင်းထဲ ရောက်လာတာကြောင့် လက်ထဲက အဖိုးတန် ကြွေပန်းကန်လုံးကို အားထည့်ပြီး ဆုပ်ကိုင်လိုက်တယ် ။ ခပ်မာမာ ပန်းကန်လုံးက အက်ကွဲပြီး လက်ဖဝါးကို စိုက်လေတော့ သွေးတွေက အလျှံပယ် ထွက်ပြီး လက်ချောင်းတွေ ကြားကနေ စီးဆင်းတယ် ။

နောက်တစ်ခါ မင်းလက်ချက်နဲ့ တစ်ယောက်ယောက်များ အနာတရ ဖြစ်ခဲ့ရင် ကိုယ်တော်က မင်းဆီကို မလာတော့ဘူး! ဆိုတဲ့ စကားကို နားထဲ အထပ်ထပ် ပြန်ကြားယောင်ပါတယ် ။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now