(28)

13.6K 1.9K 38
                                    

Unicode
နှလုံးသွေးကြောအသစ်က မှေးမှိန်ပြီး သေဆုံးတတ်တယ်။ နှင်းဖြူဝံပုလွေဆိုသည်က နှင်းတောထဲမှာ ရှင်သန်တဲ့ အမျိုးအစားဖြစ်လို့ နှလုံးက အအေးဓာတ် (ယင်ဓာတ်) လွန်ကဲတယ်။ သခင်အကြီးအကဲတို့ထံ ပေးဆက်သလိုက်ရလျှင်ဖြင့် အပူဓာတ်(အဖိုဓာတ်၊ ယန်ဓာတ်) နဲ့ ထိစပ်နေရမှ ဆက်၍ ရှင်သန်နိုင်လိမ့်မယ်။

ရှောင်းကျန့် မဖတ်ရှူရသေးဘဲ ပုံနေတဲ့ ပေစာလိပ်အထပ်ကို စန်းပေါ် အမှတ်မထင် ကြည့်မိလိုက်တယ်။ ဖခင်ဖြစ်သူက ရှောင်းကျန့်ရဲ့ ခန့်အပ်မှုကြောင့် နယ်စပ်စောင့်မြို့စား ဖြစ်ခဲ့တယ်။ စန်းပေါ်က ရှောင်းကျန့်ရဲ့ ကိုယ်ရံတော်ရဲမက် ဖြစ်လာတယ်။ သေချာပေါက် သူဌေးမညန် သတ်မှုနဲ့ ဆုံခဲ့တဲ့ ဧကရာဇ်အရှင်က ဘယ်မှာ ကျေနပ်နှစ်ခြိုက်တော်မူမှာလဲ။ ကြင်ယာတော် စိတ်ညစ်ညူးမှာစိုးလို့သာ ခွင့်ပြုထားခြင်း ဖြစ်ပါလိမ့်မယ်။

စန်းပေါ် စာလိပ်တွေကို လူမမြင်အောင် ဗီရိုတစ်ခုရဲ့ အံဆွဲထဲ အကျအနသိမ်းဆည်းပေးလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ရှောင်းကျန့်ကို အသာအယာ အိပ်စက်နိုင်ဖို့ ဦးလေးသမားတော်ကြီးရဲ့ အခန်းထဲရွှေ့ပေးဖို့ ပြင်ဆင်လိုက်တယ်။

"ကျန့် ! "
အော်ကြီးဟစ်ကျယ် ခေါ်ပြီး အလောတကြီး ဝင်ချတော်မူလာတဲ့ ဧကရာဇ်မင်းမြတ်က ရှောင်းကျန့် အိပ်ပျော်နေတာ မြင်တော့ အံ့သြော်သွားတဲ့ပုံပဲ။ ဧကရာဇ်ရဲ့ နောက်တော်ပါး ခစားလိုက်ပါလာတဲ့ သမားတော်ကြီးက မျက်လုံးပြူးမျက်ဆံပြူးနဲ့ အကြောက်သည်းနေတယ်။

"ဟို...ဟိုကြင်ယာတော်က မပြန်ချင်သေးဘူး ဆိုတာနဲ့။ နောက်...နောက်ပြီး သောက်ထားတဲ့ အားဆေး အရှိန်ကြောင့် အိပ်...အိပ်ပျော်သွားတယ် ထင်ပါတယ် "

ဝမ်ဧကရာဇ်ရဲ့ စူးဝါးတဲ့ အကြည့်တွေအောက်မှာ စန်းပေါ်ရဲ့ အသံတွေက ထစ်ငေါ့ထစ်ငေါ့ ဖြစ်ကုန်ရတယ်။ မင်းယောက်ျားကို ငါမကြံစည်ဝံ့ပါဘူး ဧကရာဇ်ရေ! အဲ့သလိုမျိုးတွေ ကြည့်မလာပါနဲ့!

"အဲ့ဒီလက်တွေက နောက်တစ်ခါ ကျန့်ကို ထိရင် မင်းဒုက္ခိတ ဖြစ်စေဖို့ ကိုယ်တော်က အာမခံတယ်"

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedOù les histoires vivent. Découvrez maintenant