(11)

15.8K 2.5K 130
                                    

"ငါက ဘာတိရစ္ဆာန်မှ မချစ်တတ်ဖူး ။ တိရစ္ဆာန်ဆိုတာက အမဲလိုက် အပန်းဖြေဖို့ သက်သက်ပဲ "

စကား မဆုံးသေးခင်မှာပဲ ခန်းဆောင်တော်ရဲ့ တံခါးက ၀ုန်းခနဲ့ ပွင့်သွားတယ်။ ဧကရာဇ်ရဲ့ မျက်နှာတော်က ဒေါသ အရှိန်ကြောင့် ရဲရဲနီလို့။

လက်ကို ခပ်ကြမ်းကြမ်း ဆောင့်ဆွဲခြင်း ခံရတော့ သခင်ရှောင်းရဲ့ ကိုင်ထားတဲ့ ဓားက လွတ်ကျတယ်။ ဓားလွတ်ကျတဲ့ နေရာနား ကြမ်းပြင်ပေါ်မှာက သေဆုံးနေပြီ ဖြစ်တဲ့ ကျိုးကျို့ !

ကျိုးကျို့က ဧကရာဇ်ရဲ့ အချစ်တော်လေး။ မင်းသားဘ၀ကတည်းက အနောက်က တကောက်ကောက် လိုက်နေတတ်တဲ့ ခွေးကလေး ။

ကြင်ယာတော် ဖြစ်ပြီး နောက်တစ်ရက်မှာ အပိုင်ပေး ချီးမြှင့်ပေးခြင်း ခံရတဲ့ ဧကရာဇ်ရဲ့ ချစ်သက်လက်ဆောင်လေး။

အခုတော့ ဗိုက်က ဓားချက်ကြောင့် ဟောင်းလောင်း ပွင့်ပြီး အူတွေက တစ်စွန်း တစ်စ ထွက်နေတယ် ။ မျက်စိတောင် မမှိတ်နိုင်တဲ့ ခွေးကလေးက မသေခင် ဓားဒဏ်ရာ ​ေ၀ဒနာကို မချိမဆန့် ခံစားခဲ့ရပုံပါပဲ။

အခု အဖြစ်တွေက ဧကရာဇ်ရဲ့ လွဲမှားတဲ့ အထင်အားလုံး ကြင်ယာတော်ကို စုပုံ အပြစ်မြင်စေအောင် ညွှန်းတယ်။

အစ်မတော်ဆီကို ခိုစာပို့ဖို့ ရေခဲနန်းဆောင်ရဲ့ မြေကွက်လပ်အလွတ်လေးကို ခဏဆင်းသွားခဲ့တာ ။ လာနားတဲ့ ခိုတွေကို ကျိုးကျို့က ရန်ရှာတတ်လို့ ခန်းမထဲ ထားရစ်ခဲ့တာ ။

ပြန်လာတဲ့ အချိန် ကျိုးကျို့က  သေဆုံးနှင့်ပြီ။ ကိုယ့်ဖာသာကိုယ်တောင် ဘာတွေ ဖြစ်သွားမှန်း မသိလို့ အံ့သြမှု မပြယ်သေးချိန်မှာ အချိန်ကိုက် ရောက်လာတာက ဧကရာဇ်။

စိတ်ဆိုးမာန်ဆိုးနဲ့ ဧကရာဇ်က ကျိုးကျို့ သေဆုံးတာကို ဘယ်ကနေ ဘယ်လိုသိပြီး ရောက်လာတာပါလိမ့်!

တစ်စုံတစ်ယောက်ရဲ့ ကလိမ်ကကျစ် ထောင်ချောက်ထဲ ကျရောက်မိပြီလို့ တွေးမိပေမယ့်  ကြင်ယာတော်ရဲ့ အခြေအနေက ကူကယ်ရာမဲ့အောင် အတော်လေး နောက်ကျသွားခဲ့ပြီ။

နီရဲနေတဲ့ ဧကရာဇ်ရဲ့ မျက်၀န်းတို့က ကြင်ယာတော်အပေါ်မှာ  ဒေါသ အရှိန်အ၀ါနဲ့ မုန်းတီးမှုကို ယှဥ်တွဲရောစပ် ထားသလို ထင်ရတယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now