(8)

16.6K 2.6K 61
                                    

အငွေ့တထောင်းထောင်း ထနေတဲ့ ပေါက်စီလုံးဖွေးဖွေးတွေ။ နီရဲကြွပ်ရွနေတဲ့ ငါးကင်ကြီးတွေ။ နောက်ပြီး ဂျင်ဆင်းဆေးမြစ်တွေနဲ့ ပေါင်းထားတဲ့ ကြက်ကောင်လုံးတွေ စားပွဲပေါ်မှာ ပြည့်လို့လျှံလို့။

ရောင်းနေကျ ဇီးသီးတုတ်ထိုးတွေ သကြားတုတ်ထိုးတွေကို ရှောင်းကျန့် ဘေးနား အကုန်လွှင့်ပစ်လိုက်တယ်။ ပြီးတော့ ကျင်းကော်နဲ့အတူ စားပွဲပေါ်မှာ ရှိနေတဲ့ စားကောင်းသောက်ဖွယ်တွေကို အငမ်းမရ စားတယ်။

ခဏအကြာမှာပဲ ယဉ်းယဉ်းက အကောင်းတကာ့ အကောင်းဆုံး ကြာပန်းသေရည်ကို ယူလာပေးတယ်။ ပြီးတော့ ရှောင်းကျန့်ကို ဗျက်စောင်းလေးတီးပြီး ဖျော်ဖြေတယ်။

မိန်းမလှနဲ့ သေရည်ကောင်းကောင်းက ညနေခင်း ဆည်းဆာအချိန်မှာ အလိုက်ဖက်ဆုံး အရာပဲ။ ရှောင်းကျန့် ပေါင်ပေါ်မှာ တင်ထားတဲ့ ကျင်းကော်ကို အသာချထားပြီး ယဉ်းယဉ်းဆီ လျှောက်သွားလိုက်တယ်။

သင်းရနံ့တွေ မွှေးထုံနေတဲ့ ယဉ်းယဉ်းရဲ့ ကိုယ်နံက နွေးထွေးတဲ့ ခံစားချက်ကို ရတယ်။ရှောင်းကျန့်  ယဉ်းယဉ်းရဲ့ ကိုယ်လေးကို ပွေ့ပြီး  အိစက်ညက်ညောတဲ့ ခုတင်ထက်မှာ ချလိုက်တယ်။

လောကနိဗ္ဗာန်ဆိုတာ ဒါမျိုးပဲနေမှာ။ ဒါပေမယ့် ပြောင်းပြန်ဆန်ခတ်လို့ ပြောရမယ်။ ကိုယ်လုံးသေးသေး ယဉ်းယဉ်းက ရုတ်တရက် ကြီးထွားလာပြီး ရှောင်းကျန့်ကို ဖက်တယ်။

ဖက်တယ်။
တင်းကျပ်နေအောင် ဖက်တယ်။
တင်းကျပ်လွန်းအားကြီးလို့ ရှောင်းကျန့် အသက်ရှူလို့တောင် မရဘူး။

ရှိသမျှ အားအင်အကုန် ထုတ်သုံးပြီး ရုန်းထွက်လိုက်တယ်။

ဝုန်း!!!.....ဒုန်း....!!

ထွက်ပေါ်လာတဲ့ အသံကြီးက အတော်ကျယ်တယ်။ ရှောင်းကျန့် မျက်လုံးကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်တယ်။ ခုနကလိုမျိုး ဘာစားစရာမှ ရှိမနေဘူး။ ဘာကျင်းကော်မှလည်း ရှိမနေဘူး။ မိန်းမလှလေး ညန်ယဉ်းယဉ်းလည်း ရှိဘူး။ အကုန်အိပ်မက်ချည်းပဲ။

ဒါပေမယ့်...။
လူတစ်ယောက်က ခုတင်အောက်က ခါးကို ကိုင်ပြီး ကုန်းရုန်းထလာတယ်။ ကြည့်လိုက်တော့ ရိပေါ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedOnde histórias criam vida. Descubra agora