(3)

20.9K 2.9K 59
                                    

ရေခဲနန်းဆောင် ။
နောက်တစ်နည်း ခေါ်ရရင် အပယ်ခံ အဆောင်တော်။

ပိုင်ရှင်က မိဖုရားခေါင်ရာထူးနဲ့ တန်းတူရှိလေတဲ့ သခင်ဘွဲ့ခံ ပုဂ္ဂိုလ် ။

အေးစက်စက် မျက်နှာတော်မှာ အပြုံးရိပ်တို့က လုံးဝ ကင်းစင် ပပျောက်တယ် ။ ဖရိုဖရဲ ကျနေတဲ့ ဆံနွယ် ။ ပါးပြင်မှာ ရှိနေတဲ့ လက်ဝါးရာကို အသာပွတ်သပ်ရင်း ကြေးမုံပြင်မှာ ထင်ဟပ်နေတဲ့ မိမိပုံရိပ်ကို ပြန်ပြီး လှောင်ရယ်တယ် ။

မျက်ဝန်းထဲမှာ ထွက်ကျတော့မယ့် တွဲလျားခိုနေတဲ့ မျက်ရည်တို့ကို အားတင်းထိန်းချုပ်တဲ့အခါ အောက်နှုတ်ခမ်းတို့ကို ပြတ်ထွက်လုမတတ် ကိုက်ဖြစ်တယ် ။

မာန်တွေ မာနတွေက တစ်ခွဲသားပါပဲ ။

နှင်းဖြူဝံပုလွေ တောင်ရိုး ကုန်းတန်းတစ်လျှောက်မှာ အပိုင်စား နယ်မြေယူထားတဲ့ ရှောင်းလူမျိုးစုတို့ရဲ့ အထွတ်တမြတ် မင်းသားက ဒီနန်းတွင်းမှာ အရေးတယူ မရှိကြလေတဲ့ အချစ်ဆိုတဲ့ အရာတစ်ခု အတွက်နဲ့ အစော်ကားခံလိုက်ရလေခြင်းပဲ ။

ထိန်းချုပ်နေရင်း ကြားကနေ မျက်ရည်ပေါက်က လွင့်ခနဲ့ ကျတယ် ။

လွမ်းဆွတ်တသခြင်း အမှုကိစ္စမှာ နာကျည်းစိတ်တို့ရဲ့ လေးနက်ခြင်းတွေက အစားဝင်လာလေတော့ အေးချမ်းတဲ့ မျက်နှာတော်က ခက်ထန်မှုတွေနဲ့ အစိုးရလေရဲ့ ။

               …………။…………

လျှပ်စီးတစ်လက်မှာ မြင်ရတဲ့ မျက်နှာက ဧကရာဇ်ရဲ့ စိတ်အလျဉ်ကို အတိုင်းအဆမဲ့စေတယ် ။

သေဆုံးသွားခဲ့ပြီဆို ။
မနေချင်တော့လို့ ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်ပစ်လိုက်ပြီဆို ။

သက်မဲ့ခန္ဓာကိုယ် ။
ရက်ပေါင်း ၄၉ ရက်တိုင်တိုင် အနားမှာ ခေါ်ယူထားခဲ့တဲ့ သက်မဲ့ခန္ဓာကိုယ် ။

နှုတ်ခမ်းထောင့်စွန်းက မှည့်နက် ။
ဒါက လူတိုင်းမှာ ရှိတတ်လေသလား ။

လူတူမရှားဆိုပေမယ့် ဒီမှည့်နေရာပါ တစ်ထေရာတည်း တူရက်လွန်းတာလား ။

ဧကရာဇ် ဝမ် ရဲ့ တည်ငြိမ်လွန်းတဲ့ ရာဇအိနြေ္ဒ ပျက်ယွင်းဖို့ လုံလောက်တဲ့ အကြောင်းပြချက်က ရှိနှင့်ပြီ ။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now