(7)

16.7K 2.5K 34
                                    

နန်းတွင်းတစ်ခုလုံးက သတင်းတစ်ခုကြောင့် ပွက်လောရိုက်နေတယ် ။

နန်းပြင်ကို ဘယ်အချိန် ထွက်သွားမှန်း မသိလိုက်ရတဲ့ ဧကရာဇ်က ပြန်လာတော့ တောသား ကောင်လေး တစ်ယောက်ကို ကြင်ယာတော်ရှောင်း အဖြစ်နဲ့ ပြန်ခေါ်ယူလာတယ် ဆိုတဲ့ အကြောင်းအရာက လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတယ်။

စားဖိုဆောင်က လူတွေလည်း ဒီသတင်းပဲ။ အချုပ်အလုပ်ရေးရာ ဌာနမှာလည်း ဒီသတင်းပဲ။ အခု စစ်ရေးလေ့ကျင့်နေကြတဲ့ ရဲမက်တွေလည်း ဒီသတင်းကို ရုံးစုရုံးစု ပြောနေကြတယ်။

အချို့သော နှစ်ပေါင်းကြာရှည်စွာ တာ၀န်ထမ်းလာတဲ့ ရဲမက်ကြီးတွေက ကြင်ယာတော် ရှောင်းကို ခင်ကြတယ် ။ နှင်းဖြူ ၀ံပုလွေတို့ရဲ့ သခင်ဖြစ်သူက ရဲမက်တွေကို စစ်ရေးလေ့ကျင့်ပေးတဲ့ နေရာမှာ ဆရာတစ်ဆူပဲ။

ရဲစွမ်းသတ္တိနဲ့ စစ်ဗျူဟာလည်း ကြွယ်တယ်။ ကြင်ယာတော် အဖြစ်နဲ့ နန်းတွင်းကို ရောက်မလာခင် အချိန်တွေတုန်းက ရှောင်းအစ်ကိုကြီးက အမြဲတမ်း သူတို့ရ​ဲ့ ရဲဘော်ရ​ဲဘက်တွေ။

ကြင်ယာတော် ဆုံးပါးပြီး နိုင်ငံတော် စျာပန ကျင်းပတဲ့ အချိန်ကဆို ဒီရဲမက်ကြီးတွေက အတော်လေး ၀မ်းနည်းခဲ့ကြတာ။ စစ်ပွဲမှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုကြောင့် အနားယူလိုက်တဲ့ ရဲမက်ဟောင်းတွေကလည်း စျာပန အခမ်းအနား ရှိရာ နေပြည်တော်ကို မရောက်ရောက်အောင် ချီတက်လာခဲ့ကြတယ်။

အဲ့သလို ကြင်ယာတော်ရှောင်းက အခုမြင်ခဲ့ရတဲ့ တောသားကလေးဆိုတာကို သေနာပတိကဖြင့် မယုံချင်ဘူး။

ကြင်ယာတော်က ဘယ်လောက်တောင် ခွန်အားရှိပြီး အိ​​​ြေန္ဒသိက္ခာနဲ့ ပြည့်စုံလိုက်လေသလဲ ။သည်လိုမျိုး အိပ်ဆေးငွေ့လေး အနည်းငယ် ရှူရှိုက်မိလိုက်ရုံနဲ့ နှစ်ရက် သုံးရက် ဆက်တိုက် တခူးခူးဟောက်ပြီး အိပ်ပျော်နေတတ်သူမျိုး မဟုတ်ဖူး။

အခု ဒီတောသားလေးရဲ့ အဖြစ်က အတော်လေး လူပြောများနေလို့ ထင်တယ်။ ကြင်ယာတော်ရှောင်းရဲ့ နှင်းဖြူ၀ံပုလွေ တောင်ကုန်းမှာ နေထိုင်တဲ့ အစ်မတော်ကျူယဉ်ရဲ့ ဆီကနေ အကျိုးအကြောင်း မေးမြန်းထားတဲ့ ခိုစာက မျက်စိရှေ့မှာရောက်နေပြီ ။ သေနာပတိချုပ် ဘယ်လို ပြန်ဖြေပေးရမလဲ မသိတော့ဘူး။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) Completedحيث تعيش القصص. اكتشف الآن