(10)

17K 2.6K 107
                                    

"နှင်းဖြူ ၀ံပုလွေ တောင်ကုန်း။

တစ်ခါတလေကျ လူတွေ အမှတ်သညာပြုကြတာက ကုန်းရိုးတန်းတဲ့။

အုပ်ဆိုင်းဆိုင်း သစ်ပင်တွေက နေရာတိုင်းမှာ လက်ညိှုးထိုးမလွဲ တည်ရှိတယ်။ အတော်လေး ကျယ်ပြန့်ပြီးအရပ်ရှစ်မျက်နှာစလုံးမှာ တခြားတခြားသော စည်ပင်၀ပြောတဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ထိစပ်နေတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးသန်းဖို့ဆိုရင်အဓိက ဖြတ်သန်းကြရမှာက နှင်းဖြူ၀ံပုလွေ တောင်ကုန်းပဲ။

အဲ့ဒီ ဒေသခံတွေက အရပ်ရှစ်မျက်နှာစလုံးက ၀င်ရောက်လာကြတဲ့ ကုန်စည်တွေကို အရင်ဆုံး ထိတွေ့ခွင့်ရကြတယ် ။

တခြားနိုင်ငံသွား ရောင်း၀ယ်ဖောက်ကားကြမယ့်သူတွေက နှင်းဖြူ၀ံပုလွေ တောင်ကုန်းမှာ ဖြတ်သန်းသွားလာခွင့် အခွန်ကို ပေးဆောင်ရတယ်။ ပြီးတော့ မိမိပါလာတဲ့ ကုန်စည်တွေကိုလည်း စျေးသက်သက်သာသာနဲ့ ဒေသခံ ရှောင်းမျိုးနွယ်စုတွေကို ရောင်းချပေးကြရသေးတယ်။

အဲ့တော့ လူနည်းစုသာ ရှိပေမယ့် ရှောင်းမျိုးနွယ်၀င်တွေက အားအင်မနည်းကြဘူး ။ အတော်လေးလည်း ကြွယ်၀ချမ်းသာတယ်။

ပထ၀ီ မြေအနေအထားနဲ့ နဂိုကတည်းက ပေါတဲ့ သယံဇာတတွေကြောင့် သိမ်းယူချင်တဲ့ ဘုရင်တွေမှ မနည်းမနော။ မှီခိုနေထိုင်သူမှ တစ်သိန်း မပြည့်တဲ့ နေရာလေးကို စစ်သည်အင်အား လေးငါးသိန်းနဲ့ ၀င်သိမ်း ရတာပဲ လို့များ ထင်ထားခဲ့ရင် မှားသွားမယ်။

အကြောင်းအရာက မရိုးရှင်း မလွယ်ကူဘူး။

နိုင်ငံ တစ်နိုင်ငံချင်း မဟုတ်ဘဲ သုံးလေးနိုင်ငံ ပေါင်းပြီး တိုက်ခိုက်တာတောင်မှ အရံှူးနဲ့ ရင်ဆိုင်ကြရတယ်။ ပြီးတော့ လျော်ကြေးငွေတွေ ပေးလိုက်ကြရတယ် ။

ဘာကြောင့်လဲ ။
မျိုးနွယ်စုရဲ့ အကြီးအကဲ မင်းသားရှောင်းမှာ နတ်၀ံပုလွေဖြူကြီး ရှစ်ကောင်ရှိတယ် ။

ကုန်းရိုးတန်းရဲ့ နယ်နိမိတ်အနားကို အခွင့်မရှိဘ​ဲ ထိစပ်လာတာနဲ့ အဲ့၀ံပုလွေကြီးတွေက ပေါ်လာပြီး ရန်သူတွေကို အစိမ်းလိုက် သတ်ပစ် စားသောက်ကြတယ် ။ "

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now