(16)

15.6K 2.3K 179
                                    

စာမဏီဝတ်ရုံနဲ့ သခင်ရှောင်းက ဧကရာဇ်မျက်နှာတော်ကို မော်ဖူးတယ်။

ဒီနေ့ နှစ်ကိုယ်တွဲပြီး နန်းတက်ခဲ့ပြီ။

ဟန်ကွေ့က အရင် ဘုရင်တွေ လက်ထက်ကလို တိုင်းပြည်ငယ်လေး မဟုတ်တော့ဘဲ သုံးပြည်ထောင် အင်ပါယာကြီး တစ်ခု ဖြစ်ခဲ့ပြီ။

"ကျွန်တော်နဲ့ လိုက်ခဲ့! ကျွန်တော့်အမေ(မယ်တော်ကြီး)က ကျွန်တော့်ကို ဘုရင်ဖြစ်အောင် လုပ်ပေးမယ် "တဲ့။ လူငယ်လေး ရိပေါ်ပြောခဲ့တဲ့ စကား။ စနောက်နေတယ်လို့ပဲ ထင်မှတ်ခဲ့ဖူးတယ်။

လွန်ခဲ့တဲ့ နှစ်တွေဆီက တောင်ကုန်းအစပ်မှာ ဒဏ်ရာအလိမ်းလိမ်းနဲ့ တွေ့ခဲ့ရတဲ့ လူငယ်လေးက ဟန်ကွေ့ရဲ့ ဝမ်ထျန်းရှလို့ ဘယ်ထင်ခဲ့မှာလဲ။

လတွေ၊ နှစ်တွေကြာလာတာတောင် လိုက်ရှာမယ့်သူ မရှိတဲ့ ၊ ပြန်စရာ အိမ်မရှိတဲ့ တစ်ကောင်ကြွက် သာမာန် ကောင်လေးလို့ပဲ သိထားခဲ့တာ။

မျိုးရိုးမနိမ့်တဲ့သူဆိုတာ သိလိုက်ရချိန်မှာ အစ်မတော် ကျူယဉ်ဆီကို ဝမ်းသာအားရနဲ့  ပြေးလို့ ပြောဖြစ်တယ်။

"ကျွန်တော် ချစ်တဲ့သူက အရှင့်သားတစ်ပါး ဖြစ်နေတယ် အစ်မတော်ရဲ့ "

အဲ့ဒီနောက် အစ်မတော်ရဲ့ တားမြစ်မှုကို လုံးဝ အရေးတယူ မလုပ်ခဲ့ဘူး။ ဒီလူငယ်လေးက ကိုယ့်အပေါ် ဘယ်လောက်အထိ ချစ်မြတ်နိုးပေးသလဲဆိုတာ ကိုယ်တစ်ယောက်တည်းပဲ ခံစားသိရှိနိုင်တဲ့ ကိစ္စ။

ဘယ်သူ့စကားမှ နားမယောင်ဘဲ ရိပေါ်ကနေ အရှင်ဆိုတဲ့ နာမကို ပြောင်းလဲရေရွတ်ရင်း သခင်ရှောင်းက ဟန်ကွေ့ကို တိုင်းပြည်ငယ်လေးကနေ သုံးပြည်ထောင် အင်ပါယာတစ်ခု ဖြစ်အောင် ကြိုးပမ်းတဲ့ စစ်ပွဲအလီလီမှာ ပါဝင်တယ်။

ချပ်ဝတ်တန်ဆာနဲ့ မြင်းတစ်ကောင်ကို ကြွကြွရွရွ စီးနင်းရင်း တခြားတိုင်းပြည်က လူတွေရဲ့ ခေါင်းကို ဓားနဲ့ သိမ်းဖြတ်တယ်။ လုပ်သမျှ အပြုအမူ အားလုံးက ချစ်ရသူကို ဧကရာဇ်မင်းတစ်ပါးအဖြစ် တွန်းတင်ပေးဖို့ပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ လွတ်လပ်သော နယ်မြေကိုလည်း အရှင့်လက်ထဲ ထိုးအပ်ရင်း နားခိုရမယ့် အိမ်ကို ဟန်ကွေ့နန်းတွင်းမှာ ရွှေ့ပြီး ဖြစ်တည်စေမယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now