(29)

13.8K 2K 64
                                    

Unicode

ဓားကို တရွတ်တိုက်ဆွဲလို့ ရာဇပလ္လင်ပေါ် တစ်လှမ်းစီ တက်လာတဲ့ ကြင်ယာတော်ရဲ့ ပုံစံက သွေးဆာနေတဲ့ တောရိုင်းဝံပုလွေတစ်ကောင်လိုပဲ။ ထက်မြက်တဲ့ ဓားသွားဟာ ကျောက်တုံးတို့နဲ့ တည်ဆောက်ထားတဲ့ ညီလာခံရင်ပြင်နဲ့ ပွတ်တိုက်ခြင်း ခံရတဲ့အခါမှာ မီးပွင့်တို့ကို ဖြစ်ပေါ်စေတယ်။

"ငါ့နယ်မြေ!ငါ့လူမျိုး!ငါ့ကလေးတွေ!ငါ့ချစ်ခြင်း!
ငါ့အသက်! အခု ငါ့အစ်မတဲ့လား !!! ဟားဟား!"

လျင်မြန်တဲ့ စစ်သေနာပတိချုပ် ဝမ်ယွဲ့က ကိုယ်ရံတော်ရဲမက်တို့နဲ့ ဟန်ကွေ့ရဲ့ ဧကရာဇ်ကို ခုခံကာကွယ်တယ်။ ဖြူဖျော့ပြီး အတော်လေး အားနည်းပုံရတဲ့ ဧကရာဇ်ဝမ်ရဲ့ မျက်နှာတော်ထက် အံ့သြမှုဆိုလို့ စိုးငယ်မျှ ရှိမနေဘူး။ အရာအားလုံးကို ကြိုတင်တွက်ဆထားနှင့်တော်မူသည့်အတိုင်း....။

ကြင်ယာတော်က တားဆီးလာသူမှန်သမျှကို ဓားနဲ့ ခုတ်ချတယ်။ ခန္ဓာကိုယ်က ကြောင်ရိုင်းတစ်ကောင်လို ပေါ့ပါးလို့ ဓားမြောက်လိုက်တာနဲ့ အသက်တစ်ချောင်းပါ ပါသွားတယ်။ လှုပ်ရှားမှု ပြုလုပ်တာနဲ့ သတ်ပစ်နေတဲ့ ကြင်ယာတော်က တကယ့်ကို စိတ်လွတ်နေသလိုပဲ။

ဘာကြိုတင်ပြင်ဆင်ထားခြင်းမှ မရှိလေတဲ့ ဟန်ကွေ့ရဲ့ နန်းတွင်းက လက်တစ်ဖက်တည်း ချိုးလို့ ရေတွက်လို့ရတဲ့ ကိန်းဂဏန်းနာရီအတွင်းမှာ အညံ့ခံလိုသွားရတယ်။

................။..............

"ငါ့အစ်မတော် ဘယ်မှာလဲ "

ဝမ်ဧကရာဇ်ရဲ့ လက်နှစ်ဖက်ရော ၊ ခြေထောက်နှစ်ဖက်စလုံးကိုပါ သံကြိုးနဲ့ ချည်နှောင်ထားတယ်။ ကျောက်စိမ်း မကိုဋ်ဦးဆောင်းကို ဆွဲဖြုတ်ခြင်း ခံထားရတာကြောင့် ဆံနွယ်တို့ကို ဖရိုဖရဲနဲ့ လျော့ရဲစွာ ပြေကျနေတယ်။ နဖူးစမှာ ချွေးစတို့က တွဲလောင်းခိုလို့ ခပ်တင်းတင်း စေ့ထားတဲ့ နှုတ်ခမ်းတော် တစ်စုံက အလွန်အမင်း ဖြူလျော်နေပါတယ်။

တစ်ဖက်ခန်းက မယ်တော်ကြီးရဲ့ အော်သံက ပြင်းစွာသော နာကျင်မှုနဲ့ ညှင်းပန်းနှိပ်စက်ခံနေရကြောင်း ပေါ်လွင်လွန်းလှတယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now