(30)

15.5K 2.1K 117
                                    

Unicode

တဆစ်ဆစ် နာကျင်မှုကို အံတုလို့ အားယူပြီး ထလိုက်တယ်။ ရောက်နေတဲ့ နေရာက အတော်လေးမှောင်တယ်။ မှိန်ပြပြမီးတိုင်တစ်ခုသာ ထွန်းလင်းထားတာကြောင့် ဘယ်နေရာကို ရောက်နေသလဲဆိုတာ ကျူယဉ် မနည်းခန့်မှန်းကြည့်ရတယ်။ ခြေထောက်တွေက သံကြိုးနဲ့ ချည်နှောင်ထားခြင်း ခံရပြီး လက်နှစ်ဖက်ကတော့ လွတ်လပ်နေပါတယ်။

"နိုးပြီလား ကျူယဉ်! ရှင့်ရဲ့ မောင်ကို တို့ဧကရာဇ်က အတော့်ကို ချစ်မြတ်နိုးခဲ့တာပဲ။တကယ့်ကို မျက်ရည်ကျစရာ ကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါလား။ ဒါပေမယ့် ခက်တယ် ။ သိပ်ခက်တယ်။ ရှင့်ကို ဧကရာဇ်သတ်တဲ့ ပုံစံနဲ့ အလောင်းတစ်လောင်းကို ရှင့်ရဲ့ မောင်ဆီ အခုပဲ ပို့လိုက်ပြီ။ အစ်မပျောက်လို့ သွေးရူးသွေးတန်း ဖြစ်နေတဲ့ ရှောင်းကျန့်က ဧကရာဇ်ကို မုန်းလွန်းအားကြီးလို့ ချက်ချင်းသတ်ပစ်လောက်မယ် ထင်တယ်။ အလောင်းက ရှင့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ထပ်တူ။ မျက်နှာကိုတော့ မီးနဲ့ နည်းနည်းမွှမ်းလိုက်တယ်။ မပူပါနဲ့ ! သွေးဆူနေတဲ့ ရှောင်းမင်းသားက ပူပန်စိတ်ကြီးနေတာကြောင့်ရယ်၊ ဧကရာဇ်အရှင်ရဲ့ အံဝှက်နံရံနောက်မှာ အလောင်းတွေ့တာရယ်ကြောင့် ရှင်လို့ပဲ တန်းပြီး ထင်မြင်မှာပါ။ အိုက်ရား! ပျော်ဖို့ကောင်းလိုက်တာ! လက်တုံ့ပြန်ရတာ အရမ်းချိုမြိန်တာပဲ! နောက်ဆုံးကျမှ ကျူယဉ်မသေဘူးဆိုတာ ထုတ်ဖော်ပြော။ အပိုလက်ဆောင်အနေနဲ့ ဧကရာဇ် သိမ်းထားတဲ့ ဒါလေးတွေပါပို့ပေး။ နောက်ပြီး နျဲ့ရဲ့ လွတ်လပ်ရေးကို ကျူယဉ့်အသက်နဲ့ ဓားစာခံ ချိန်ရွယ်ပြီးတောင်း ! အိုး ! အရမ်းကို သင့်မြတ်ကောင်းမွန်တဲ့ အကြံအစည်ပဲ။ ငါ ဒါတွေ ပြောချင်လွန်းအားကြီးလို့ ကျူယဉ် နိုးလာအောင် အတော်စောင့်လိုက်ရတယ်။ ရော့ ! ကျူယဉ်ယူလာတဲ့ သေတ္တာထဲက ပစ္စည်းတွေကို တစ်ချက်စစ်ကြည့်ပါအုံး"

ချုံရင်းဟွာ ပစ်ပေးလိုက်တဲ့ ပစ္စည်းတွေက ကျူယဉ်ခိုးယူလာတဲ့ သေတ္တာထဲက အရာတွေ ဖြစ်တယ်။ ကြယ်ပွင့်ပုံသဏ္ဍာန်ရှိတဲ့ အသွားချွန်ထက်တဲ့ လက်နက်ဆန်းတစ်ခုကို အဝတ်နဲ့သေချာစွာ ထုပ်ပိုးလို့ထားတယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now