ကျေးဇူးတင်စကား

5.5K 529 45
                                    

ကျေးဇူးတင်ကြောင်းမပြောခင် အရင်ဆုံးတောင်းပန်ရမှာတွေ အများကြီးပဲရယ်။ Update မမှန်နိုင်ခဲ့တာ၊ အကြာကြီးပစ်ထားသလိုဖြစ်နေခဲ့တာ တကယ့်ကိုတောင်းပန်ပါတယ်နော်။ နောက်ပြီး comment တွေကို reply မလုပ်နိုင်ခဲ့တာတွေအတွက်လည်း ထပ်တောင်းပန်ပါတယ်။

Hexagon ကို ရေးဖြစ်ခဲ့တဲ့အတွက်တော့ ကျေနပ်၀မ်းသာရတယ်။ မမွန်အတွက် ၂၀၂၀ ဟာ တကယ့်ကိုခက်ခဲခဲ့တာ။ ဒါပေမဲ့ စာရေးတာဟာ အမြဲထွက်ပေါက်တစ်ခုအဖြစ် ရှိနေခဲ့တယ်။ အားရသလားဆိုရင်တော့ အား မရဘူး။ ဒီ့ထက်ပိုရေးနိုင်ချင်တယ်။ အထူးသဖြင့် Action အခန်းတွေ၊ Science အပိုင်းတွေ။ လေ့လာအားနဲ့ အားထုတ်မှုပိုင်းမှာ ဒီ့ထက်မက ပိုထိရောက်တာမျိုး ရေးချင်ခဲ့တာ။

စာရေးသူတစ်ယောက်အတွက် စိတ်အခြေအနေဟာ အဓိကအရေးအကြီးဆုံးပဲ။ ၂၀၂၀ စ ကတည်းက ဖြစ်ခဲ့သမျှဟာ စာရေးတဲ့နေရာမှာ အာရုံစူးစိုက်နိုင်ဖို့ကိုပါ အတော်လေး ထိခိုက်ခဲ့တာမျိုးဆိုတော့လည်း ဒီလောက်ပဲ ရေးနိုင်ခဲ့တာကိုပါ ကျေနပ်ပါတယ်။ ရှေ့ဆက်ပြီး အများကြီးကြိုးစားသွားချင်တယ်။ ကြိုးစားသွားမှာပါ။ အတူရှိနေခဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ reply မပြန်ဖြစ်တာတောင် သတိတရ စကားတွေ ထားခဲ့ကြတာကိုလည်း ကျေးဇူးပါ။ ချစ်ခြင်းမေတ္တာတွေက ခွန်အားတွေပါ။ ကျေးဇူးတင်ပါတယ်နော်။

တကယ့်ဘ၀ဆိုတာ မမွန်တို့မြင်နေရတဲ့ ဆိုရှယ်မီဒီယာပေါ်က အစိတ်အပိုင်းလေးတွေပဲ မဟုတ်ဘူးလေ။ နေ့စဥ်ဘ၀တွေမှာ အခက်အခဲတွေ၊ ရုန်းကန်မှုတွေအမြဲရှိနေမှာပဲ။

အားလုံး ဂရုစိုက်ကြပါ။ ကိုဗစ်ကာလဖြစ်နေလို့ နေရာတိုင်း၊ အချိန်တိုင်းမှာ အားလုံးအတွက်ပိုပြီးခက်ခဲပင်ပန်းကြမှာ။ အားလုံးကို သတိရနေပါတယ်။ စိတ်ပူနေပါတယ်။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာတင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

ဘေးကင်းကြပါစေ

မမွန်

၀၉.၀၉.၂၀၂၀

HEXAGONWhere stories live. Discover now