[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။

Start from the beginning
                                    

များပြားလှသောမိစ္ဆာရုပ်သေးရုပ်တွေဟာ အရှေ့ကိုမူ၍စီတန်းရပ်နေကြသည်။ အနောက်တွင်မူ မိစ္ဆာတပ်ဖွဲ့တွေက ယဇ်ကောင်တွေအားလုံးဂူထဲမှထွက်လာသည်ကိုစောင့်နေကြပြီး ထို့နောက်တွင် သူတို့အနောက်မှအစောင့်အကြပ်အနေဖြင့်လိုက်ပါလာသည်။ ဤမိစ္ဆာဂူကား မြေအောက်တွင်တည်ရှိပုံရသည်။ လူတစ်စုသည်လမ်းကျဥ်းလေးတစ်လျှောက် တောင်စောင်းသို့လမ်းလျှောက်လာခဲ့ကြသည်။ တ​ဖြည်းဖြည်းနှင့် သူတို့၏ခေါင်းပေါ်မှာရှိသည့်မြေပြင်ပေါ်က ဆူညံသောစကားပြောသံတွေကိုကြားလာရပြီဖြစ်သည်။

ထိုစကားပြောသံတွေကိုဂရုတစိုက်နားထောင်လိုက်ရင်း ကျန်းရွှင်းယီသူ၏နှလုံးသားကိုထိတ်လန့်သွားစေသည့် ရင်းနှီးသောအသံတစ်ခုကိုကြားလိုက်ရသည်။ သူကူကယ်ရာမဲ့စွာဖြင့် သူ့ခြေလှမ်းတွေကိုရပ်လိုက်မိသည်။ ထိုအခိုက်၊ သွေးပူတွေကသူ၏ခေါင်းထိပ်ကိုဆောင့်တက်လာသည်ကိုခံစားလိုက်ရပြီး သူ၏နှလုံးမှာလည်း လည်ချောင်းမှထွက်တော့မတတ်ပင်။

ဒီခန္တာကိုယ်ကား အနည်းငယ်ပိန်ပြီးအားနည်းသဖြင့် ဤစိတ်လှုပ်ရှားမှုပေါက်ထွက်ခြင်းမှာ သူ၏အမြင်တွေကိုချက်ချင်းမည်းမှောင်သွားစေသည်။ သူ့ဘေးရှိမိစ္ဆာရုပ်သေးရုပ်သည် သူလမ်းမလျှောက်တာကိုမြင်သွားပြီး သူ့လက်ထဲကလှံရှည်ကိုချက်ချင်းမြှောက်၍ ကျန်းရွှင်းယီ၏ပုခုံးပေါ်ကိုပြင်းထန်စွာထိုးရန်ပြင်သည်။

ဒါပေမယ့် လှံရှည်ကသူ့ပေါ်မကျရောက်လာခဲ့ပေ။ ထိုအစား တစ်စုံတစ်ယောက်ကလှံရှည်ကိုလမ်းတစ်ဝက်တွင်ရပ်တန့်စေခဲ့သည်။

ကျန်းရွှင်းယီနောက်ဆုံးတွင်ပြန်ကောင်းလာပြီဖြစ်သည်။ နောက်လှည့်ကြည့်မိရင်း သူကူကယ်ရာမဲ့စွာဖြင့် မသိမသာတောင့်ခဲသွားရသည်။

သူ့အနောက်တွင် အပြာရောင်ဝတ်ရုံနှင့် ချောမောသောယောကျ်ားတစ်ယောက်ဖြစ်သည်။ ငယ်ရွယ်သည်မှအပ၊ သူ၏မျက်နှာထားကား နူးညံ့သိမ်မွေ့ပြီး ကျော့ရှင်းသည့်ဟန်ပန်ရှိသည်။ သူ၏လက်က လှံရှည်၏အခြားအစွန်းတစ်ဖက်ကိုဆုပ်ကိုင်ထားရင်း မိစ္ဆာရုပ်သေးရုပ်ကိုယဥ်ကျေးစွာအကြောင်းပြသည်။
"ဒီကသာ့ကော၊ တုသခင်လေးက လမ်းလျှောက်တာနည်းနည်းနှေးနေရုံပါ။ သူကမင်းရဲ့အမိန့်ကိုဖီဆန်ချင်တာမဟုတ်ရပါဘူး။ ကျေးဇူးပြုပြီးတော့ ဒီကသာ့ကောက နည်းနည်းလောက်လိုက်လျောပြီးတော့ အကြမ်းဖက်တာကိုရှောင်ရှားပေးလို့ရမလား။ ကျွန်တော်သူ့ကိုမြန်မြန်လျှောက်ဖို့တိုက်တွန်းပေးပါ့မယ်"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now