My Treasures For you၏ မိတ်ဆက်၊ မိတ္ဆက္

30.2K 1.4K 113
                                    

[Unicode]

**ဒီဟာလေးကို 'ကောင်းကင်ဘုံသို့ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ' တင်ဆက်လို့ပြီးသွားတဲ့အခါကျမှ အတည်ကြီး တင်ဆက်ပေးလာမှာပဲဖြစ်ပါတယ်။ အနီးစပ်ဆုံး (2020)ခုနှစ်ရဲ့  December ထဲမှာ ဖြစ်ပါမယ်။ အခုလက်ရှိတင်ထားရတာကတော့ ကြိုဦးထားတဲ့သဘောပဲ ဖြစ်ပါတယ်** 😁😁

**Permission ရသွားပါပြီနော်။ နောက်ပြီး ဘာသာပြန်ထားပြီးသားရှိ၊ မရှိအတွက် ကိုယ် (1)လတိတိလည်း စောင့်ခဲ့ပြီးပြီမို့ ဒီဟာကို ဘာသာပြန်ဖို့ အတည်ယူလိုက်ပါပြီရှင့်** 😁😁

°°°°°°°°°°°°°
My Treasures For you၏ မိတ်ဆက်

လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀)သန်းကျော်ကာလက ဒီစကြာဝဠာကြီးထဲမှာ နတ်ပြည်၊ ငရဲပြည်နဲ့ လူ့ပြည်ဆိုတဲ့ လောက(၃)ပါးမှာ ပြိုင်ဘက်ကင်းအောင် တန်ခိုးစွမ်းပကားကြီးလှတဲ့ အရက်စက်တတ်ဆုံး၊ အကြမ်းကြုတ်တတ်ဆုံး မိစ္ဆာအရှင်တစ်ပါးရှိခဲ့ပါတယ်။

ဒါပေမဲ့ တစ်နေ့မှာ အဲ့ဒီအရှုံးမရှိဖူးသူ မိစ္ဆာရှင်ဘုရင်ကြီးကို အမျိုးသမီးတစ်ယောက်က စိန်ခေါ်လာခဲ့တယ်။

ရှုံးပွဲမရှိဖူးသူပီပီ သူဟာ အဲ့ဒီအမျိုးသမီးအပေါ်မှာ အရမ်းကိုလျော့တွက်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူဟာ အဲ့ဒီအမျိုးသမီးရဲ့ လက်အောက်ကျရှုံးပြီး ဒဏ်ရါအပြင်းအထန်နဲ့ တိုက်ပွဲက ထွက်ခွါသွားခဲ့တယ်။

ဒီအခွင့်အရေးကို နတ်ပြည်က နည်းနည်းမှ လက်လွှတ်မခံဘဲ ဒဏ်ရါရသွားတဲ့ မိစ္ဆာဘုရင်နောက်လိုက်သွားပြီး ကွပ်မျက်ပစ်ခဲ့ကြပါသတဲ့။

ဒီလိုနဲ့ မိစ္ဆာအရှင်ဟာ လောကသုံးပါးကနေ ပျောက်ကွယ်သွားခဲ့ရတယ်။

ဒါပေမဲ့ သူတကယ် သေဆုံးသွားခဲ့တာလားလို့မေးရင်တော့... မဟုတ်ပါဘူးလို့ဖြေရမှာပါပဲ။

ထာဝရရှင်သန်သူမသေမျိုးအဖြစ်ကို ရရှိပြီးနေပြီဖြစ်တဲ့ မိစ္ဆာရှင်ဘုရင်ကြီးဟာ ဘယ်တော့မှ ထာဝရသေဆုံးပျောက်ကွယ်မှာ မဟုတ်ပါဘူး။ သူပြန်လာဖို့ အခြေအနေပေးမယ့် အချိန်မရောက်သေးလို့ ခဏပျောက်ကွယ်သွားခဲ့တာပါ။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now