🌹49🌹

13.7K 1K 30
                                    

(Unicode Version)

နားလည်မှုနဲ့ ချစ်ခြင်းတရားတွေ ပြည့်နှက်နေတဲ့ ကျွန်တော်တို့နှစ်ဦးရဲ့အိမ်ထောင်ရေးက အရင်ကထက် ပိုပြီးသာယာလာခဲ့တယ်။ ဆယ်နှစ်တာလုံး ကင်းကွာခဲ့ရတဲ့ အချစ်တွေကို အချင်းချင်းဖြည့်ဆည်းပေးပြီး နေထိုင်ခဲ့ကြတာပေါ့။

"ဒါ မင်း ကြိုက်တဲ့အသီးမလား။"

ဈေးဝယ်ထွက်နေရင်းနဲ့ ရှောက်ချိုသီးဆယ်လုံးလောက်ကို သူက ခြင်းထဲ ကောက်ထည့်ပစ်လေရဲ့။ ကြိုက်တာက ကြိုက်ပေမဲ့ အဲဒီလောက်အများကြီး ဝယ်စရာမှ မလိုတာ။

သူက ကျွန်တော့်အတွက်ဆို တအားလက်ဖွာလွန်းတယ်။ ကျွန်တော် ကြိုက်သမျှကို ခြင်းထဲ အကုန်ထည့်နေတာလေ။

"ပိုက်ဆံတော်တော်ပေါနေလား။ မြင်သမျှ အကုန်ကောက်ထည့်နေတော့တာပဲ။"

ဆူလိုက်တော့ သူက ပြုံးစိစိနဲ့ ပြန်ဖြေတယ်။

"ဟုတ်ကဲ့ပါ... ချစ်ဇနီးလေး။ နောက်မလုပ်တော့ပါဘူး။"

ကြည့်ပါလား... ပြောပုံက ပြောင်ချော်ချော်နဲ့။ အသက်ကဖြင့် (၂၇)ကျော်နေပြီ၊ တည်တည်ငြိမ်ငြိမ်နေမယ်လို့ကို မရှိဘူး။

"လူကြားထဲမှာ ရန်ထဖြစ်အောင် မလုပ်နဲ့။"

သူ့ကို ဟိန်းဟောက်ပြီး အရှေ့တည့်တည့်ကိုလှည့်လာချိန်မှာ မာယာ့ကို ကျွန်တော် တွေ့လိုက်ရတယ်။ မာယာက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ဟုတ်ရဲ့လားလို့ သေချာအောင် ထပ်ကြည့်လိုက်ရသေးတာ။

ဒါပေမဲ့ သေချာပါတယ်။ သူမှ သူ အစစ်ပါ။

"မာယာ..."

ခေါ်သံကြောင့် မာယာက ကျွန်တော်တို့ဘက်ကို လှမ်းကြည့်လာခဲ့တာပေါ့။ ကျွန်တော်တို့လည်း သူ ရပ်နေတဲ့နေရာကို လျှောက်သွားပြီး စကားပြောဖြစ်ခဲ့ကြတယ်။

"ဈေးလာ၀ယ်တာလား။"

မာယာက ကျွန်တော့်ကို ပြုံးပြုံးလေးပဲ ဖြေပေးခဲ့တယ်။

"ဟုတ်တယ်။ နင်တို့ကရော။"

"ငါတို့လည်း ဈေး၀ယ်ထွက်လာကြတာ။"

မာယာက စကားပြောနေရင်းနဲ့ ကျွန်တော်တို့ရဲ့လက်စွပ်တွေကို သတိထားမိသွားပုံပါပဲ။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now