🌹6🌹

13.9K 1.2K 34
                                    

(Unicode Version)

နောက်တစ်ချိန်မခင် အပေါ့အပါးသွားထားဖို့အတွက် သန့်စင်ခန်းဆီကို ကျွန်‌တော် ဦးတည်ပြီး ထွက်လာခဲ့မိတယ်။ တခြားအခန်းတွေက စာသင်နေကြတုန်းမို့ ကော်ရစ်ဒါတစ်လျှောက်မှာရော၊ သန့်စင်ခန်းထဲမှာရော လူရှင်းပြီး တိတ်ဆိတ်နေတာပဲ။

အဲဒါကြောင့် ကျွန်တော်လည်း အပေါ့စွန့်ပြီး အချိန်ဖြုန်းတဲ့အနေနဲ့ လက်ကို ဖြည်းဖြည်းချင်း ဆေးနေမိတာပေါ့။ ဒီလိုမျိုး အေးချမ်းသာယာနေချိန်မှာ ကျွန်တော့်ပုဆိုးစကို ကျွန်တော့်ပုဆိုးစကို တစ်ယောက်ယောက်က အမြန်ဆွဲလှန်လိုက်လေရဲ့။

ရုတ်တရက်ကြီးဆိုတော့ ကျွန်တော် တော်တော်လန့်သွားတာ။ ပုဆိုးလာလှန်တဲ့သူကို ရိုက်ထုတ်ပစ်ဖို့ လက်ရွယ်ထားပြီးမှ အနောက်ကို ချက်ချင်းလှည့်ကြည့်လိုက်ရတာလေ။

"ဒီဒဏ်ရာတွေက ဘယ်လိုဖြစ်လို့ ရလာတာလဲ။"

လက်စသတ်တော့ တရားခံက ပြဿနာကောင်ဖြစ်နေတာပါလား။

"ဘာလုပ်တာလဲ။"

ဒေါသဖြစ်ဖြစ်နဲ့ ပုဆိုးစကို ကျွန်တော် ပြန်ဆွဲယူပြီး ဟောက်လိုက်မိတယ်။

"မင်းအဖေက မင်းကို ရိုက်လိုက်တာလား။"

"အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။"

ပြဿနာထပ်မဖြစ်ချင်လို့သာ သည်းခံနေရတာ။ တကယ်ဆို သူ့ကို မြင်တိုင်း ကျွန်တော့်ဒေါသက မီးလို ထတောက်နေရောပဲ။

"ဘယ်လိုအဖေမျိုးမို့လို့ ကိုယ့်သားသမီးကို လူမဆန်အောင် ရိုက်နှက်ရတာလဲ။"

ကျွန်တော်ကိုယ်တိုင်က ဖေဖေ့ကို အပြစ်တင်မိချင် တင်မိလိမ့်မယ်။ ဒါပေမဲ့ တခြားသူက ဖေဖေ့ကို အပြစ်လာပြောရင်တော့ လုံးဝသည်းမခံနိုင်ဘူး။

"ငါ့အဖေကို အပြစ်ပြောရအောင် မင်းက ဘာကောင်မို့လို့လဲ။ သေချာစဉ်းစားကြည့်ရင် ဒီဒဏ်ရာက မင်းကြောင့် ဖြစ်ရတာကွ။"

ကျွန်တော့်စကားကြောင့် သူက ငြိမ်ကျသွားတယ်။ မျက်နှာကလည်း သိပ်မကောင်းပုံပဲ။

'ဘာလဲ... အသိတရားရသွားတာလား။'

မထင်ပါဘူး။ သူ့လိုလူမျိုးက စိတ်ထဲကနေ ကျိတ်ပျော်ရင် ပျော်နေလောက်တယ်။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now