🌹29🌹

11.1K 1.1K 43
                                    

(Unicode Version)

"ဟေ့ကောင်တွေ... ဒီနေ့ညနေ ငါတို့နဲ့အတူ ဘောလုံးလာကန်ပါလား။ တစ်နေကုန် စာချည်းပဲ ထိုင်လုပ်နေရတာက ပျင်းစရာကြီးကွ။"

သူရရဲ့စကားကြောင့် ကျွန်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်လိုက်မိတယ်။

"မင်း သွားကန်ချင်လား။ မင်း သွားရင် ငါလည်း လိုက်ခဲ့မယ်။"

သူက သွားချင်နေပုံပါပဲ။ ဒါပေမဲ့ ကျွန်တော်သာ မပါရင် သူလည်း လိုက်မှာ မဟုတ်ဘူး။

"ဒီနေ့ ငါတို့မှာ ကျူရှင်မှမရှိတာ။ သွားကန်ကြ‌တာပေါ့။"

သူရကတော့ ကျွန်တော်တို့နှစ်ယောက်စလုံး ပါမယ်ဆိုလို့ ပျော်သွားတာပေါ့။ အဲဒီနေ့က ကျောင်းဆင်းတာနဲ့ ကျွန်တော်တို့ ဘောလုံးကွင်းထဲကို တန်းသွားခဲ့ကြတယ်။

ကျွန်တော်တို့ရောက်တော့ တစ်ဖက်အသင်းက လူတောင် စုံနေပြီလေ။

"ငါတို့အသင်းလည်း လူပြည့်ပြီဟေ့။ စလိုက်ကြရအောင်။"

သူရက အသံကျယ်ကျယ်နဲ့ အော်ပြောနေတုန်းမှာ ဇာနည်နိုင်က ကျွန်တော့်အနားကို ကပ်လာပြီး တိုးတိုးပြောလေရဲ့။

"ပြိုင်ဘက်အသင်းထဲမှာ ငါတို့နဲ့ ပြဿနာတက်ဖူးတဲ့ အဖွဲ့ထဲက နှစ်ကောင် ပါတယ်။ သတိထားပြီး ကန်ဦး။"

သူ ပြောမှ ကျွန်တော် သေချာကြည့်မိတာ။ ဟုတ်တယ်... 'ဇာနည်နိုင်မုန်းတီးရေး' အဖွဲ့ထဲက နှစ်ကောင် ပါနေတာပဲ။

"သူတို့တွေ ပါလာမှတော့ ဒီပွဲကို နိုင်အောင်ကန်ရမှာပေါ့။"

ကျွန်တော်က မခံချင်စိတ်နဲ့ ပြောလိုက်ပေမဲ့ သူက လက်မခံခဲ့ပါဘူး။

"အနိုင်အရှုံးကို ဂရုစိုက်မနေစမ်းပါနဲ့။ မင်း မထိခိုက်ဖို့က ပိုအရေးကြီးတယ်။"

သူ့စကားထဲမှာ ကျွန်တော့်အတွက် စိတ်ပူပန်မှုတွေနဲ့ ပြည့်နေလေရဲ့။ ဒါက သိပ်မထူးခြားတဲ့ ကိစ္စမျိုးဆိုပေမဲ့ ကျွန်တော် ပျော်တယ်။

သူ့ဆီကနေ ဂရုစိုက်မှုတွေ ဖောဖောသီသီရနေတာကို ကျွန်တော် ‌တကယ်ပျော်တယ်။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now