🌹7🌹

13.4K 1.2K 98
                                    

(Unicode Version)

နောက်တစ်နေ့ကျ‌တော့ ဘေးခုံက သူငယ်ချင်း ထက်မြက်အောင်ကို တိမ်လွှာနဲ့ ပတ်သက်ပြီး ကျွန်တော် မေးကြည့်လိုက်မိတယ်။

"ထက်မြက်အောင်... မင်း (B)ခန်းက တိမ်လွှာဆိုတဲ့ ကောင်မလေးကို သိလား။"

"သိတာပေါ့။ သူက ငါတို့ကျောင်းရဲ့Queenလေ။ ကောင်လေး တော်တော်များများက သူ့ကို သဘောကျနေကြတာ။"

ဒီလိုချောမောလှပတဲ့ မိန်းကလေးမှာ တန်းစီနေမဲ့သူတွေ အများကြီးရှိမယ်မှန်း ကျွန်တော် ကြိုတွေးထားပြီးသားပါ။ အရေးကြီးတာက အဲဒါ မဟုတ်ဘူးလေ။

"သူ့မှာ ရည်းစားရှိလား။"

"ငါ သိသလောက်တော့ မရှိဘူးကွ။ သူက ယောက်ျားလေးတွေနဲ့ သိပ်စကားမပြောဘူး။"

အဲဒီစကားကြောင့် မျှော်လင့်ချက်ရောင်ခြည်လေးက ဖြတ်ပြေးသွားသလိုပါပဲ။ ချစ်သူမရှိသေးသရွေ့ ကျွန်တော့်ဘက်က ကြိုးစားခွင့်ရှိတယ်မလား။

"သူ့နာမည်က တိမ်လွှာပဲလား။"

"နာမည်အပြည့်အစုံက တိမ်လွှာမိုးတဲ့။ နေစမ်းပါဦး... သူ့အကြောင်းတွေကို ဘာလို့ လာမေးနေတာလဲ။ သူ့ကို ကြိုက်နေတာလား။"

ကျွန်တော်က တစ်ခုခုဆို ဖွင့်ပြောတတ်တဲ့သူ မဟုတ်ဘူး။ ထက်မြက်အောင်နဲ့ကလည်း တအားရင်းနှီးနေတဲ့ ဆက်ဆံရေးမျိုး မဟုတ်လို့ သိုဝှက်ထားဖို့ ဆုံးဖြတ်လိုက်ရတာပေါ့။

"မကြိုက်ပါဘူး။ မနေ့က ငါနဲ့ ၀င်တိုက်မိလို့ သတိထားမိပြီး မေးကြည့်တာပါ။"

လိမ်ညာဖြေပြီးတဲ့အချိန်မှာပဲ ကျွန်တော့်ရဲ့အနောက်ဘက်ကနေ စိတ်ပျက်စရာ အသံတစ်သံက ထွက်လာလေရဲ့။

"ကြိုက်ရင် ကြိုက်တယ်ပေါ့။ ဘာတွေ လျှောက်ပြောနေတာလဲ။"

ဘယ်အချိန်ကတည်းက ရောက်လာပြီး ခိုးနားထောင်နေမှန်း မသိတဲ့ ပြဿနာကောင်ကို ကျွန်တော် ဒေါသတကြီးလှည့်ကြည့်လိုက်မိတယ်။

"ဘာတွေ လာပြောနေတာလဲ။"

ရုပ်က ပြီတီတီ၊ အပြုံးက ခပ်ထေ့ထေ့နဲ့။ မြင်နေရတာက ထောင့်ကို မကျိုးဘူး။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now