🌹13🌹

11.9K 1.1K 21
                                    

(Unicode Version)

တစ်လလောက်ကြာပြီးတဲ့အချိန်မှာ ကျွန်တော်နဲ့ ဇာနည်နိုင်ရဲ့ဆက်ဆံရေးက ပိုပြီးအဆင်ပြေလာခဲ့တယ်။ သူနဲ့ ရင်းနှီးလာလေလေ၊ အရင်တုန်းက ထင်ထားခဲ့သလိုမျိုး အရမ်းဆိုးသွမ်းနေတဲ့သူ မဟုတ်မှန်း ကျွန်တော် သိလာရတာပေါ့။

သူ့ရဲ့မကောင်းတဲ့အချက်က ရည်းစားများပြီး အချစ်ကို အလေးမထားတာ။ ကျန်တာတွေကတော့ ကျွန်တော် လက်ခံပေးလို့ ရတဲ့ အနေအထားပါပဲ။

ပွင့်ပွင့်လင်းလင်းပြောတတ်တာရယ်၊ စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံတတ်တာရယ်ကိုလည်း ကျွန်တော် သဘောကျတယ်။ နောက်ပြီး သူက ကျွန်တော့်ကို တော်တော်လေးဂရုစိုက်တယ်။

ကျွန်တော်တို့ကြားမှာ အငြင်းပွားစရာ ကြုံလာရင် သူ့ဘက်က စပြီးအလျှော့ပေးလိုက်ရော။ ကျွန်တော်က မိုက်မိုက်ကန်းကန်းနေတာမျိုး၊ သူများတွေနဲ့ ရန်ဖြစ်တာမျိုးကို မကြိုက်လို့ သူက အဲဒါတွေကို သတိထားပြီး ရှောင်ပေးရှာတယ်။

တခြားသူတွေနဲ့တောင် မေးထူးခေါ်ပြောရုံကလွဲပြီး သိပ်အရောမဝင်တော့သလိုပဲ။ သူ့ကို တွေ့ချင်ရင် ကျွန်တော့်ကို လာရှာရတဲ့အထိ ရင်းနှီးသွားခဲ့တာ။

ကျွန်တော်ကလည်း ငယ်ငယ်ကတည်းက သူငယ်ချင်းရယ်လို့ များများစားစားမရှိတဲ့သူလေ။ အဲဒါကြောင့် သူနဲ့ ရင်းနှီးရတာက အတွေ့အကြုံသစ်တစ်ခုပါပဲ။

စစချင်းမှာ မနေတတ်သလို ဖြစ်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ နေသားကျလာတာမျိုးပေါ့။

"ဘုန်းရှိန်ထက်..."

စာသင်ခန်းထဲ ဝင်ဖို့ ဟန်ပြင်ထားတဲ့ ကျွန်တော့်ခြေလှမ်းတွေက တောက်တဲ့ဇာနည်နိုင်ရဲ့အသံကို ကြားပြီး ရပ်တန့်သွားလေရဲ့။ ကျွန်တော် လှည့်ကြည့်လိုက်တော့ သူက မြင်နေကျအတိုင်း စပ်ဖြဲဖြဲရုပ်နဲ့ အနားကို ချဉ်းကပ်လာခဲ့တယ်။

"ဘာလုပ်ဖို့ ခေါ်တာလဲ။"

မေးနေတုန်းမှာပဲ ကျွန်တော့်ပခုံးပေါ်ကို သူ့လက်တစ်ဖက်က ပိုင်စိုးပိုင်နင်းရောက်လာပြန်တယ်။

"ငါနဲ့ အခန်းထဲကို အတူတူ၀င်ကြရအောင်။"

"အခန်းထဲကို တစ်ယောက်တည်း မ၀င်ရဲလို့လား။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now