🌹46🌹

13K 1K 28
                                    

(Unicode Version)

အလုပ်အပ်ထားတဲ့ကုမ္ပဏီအတွက် ဒီဇိုင်းကို အချိန်မီပေးလိုက်နိုင်လို့ ကျွန်တော့်ရင်ထဲမှာ တော်တော်ပေါ့သွားခဲ့တယ်။ တာဝန်ယူထားတဲ့ကိစ္စကို မကျေပွန်ရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီးဒေါသထွက်မိမှာ။

အခုတော့ စိတ်အေးလက်အေးနေလို့ ရသွားတာပေါ့။ ဇာနည်နိုင်ကလည်း ‌အလုပ်ကိစ္စနဲ့ ဘားအံဘက်ကို ခရီးထွက်စရာရှိတယ်တဲ့။

သူက ကျွန်တော့်ကို ခေါ်သွားဖို့ စဉ်းစားထားတာ။ သူနဲ့ လိုက်သွားချင်တာမျိုး မဟုတ်ပေမဲ့ အပျင်းပြေခရီးလေး ထွက်ချင်ရုံပါပဲ။

ကျွန်တော်ကသာ အလုပ်ပြီးသွားပြီလို့ ပြောလိုက်ရင် သူ့မျက်နှာကြီး ပြုံးဖြီးဖြီးဖြစ်သွားမှာ သေချာတယ်။ အဲဒီလိုမျိုး ကိုယ့်အတွေးနဲ့ ကိုယ် နစ်မျောပြီး ကုမ္ပဏီထဲက ထွက်လာချိန်မှာ ကျွန်တော့်အနားကို လူစိမ်းသုံးယောက်က ချဉ်းကပ်လာလေရဲ့။

"မင်းအဖေက မင်းကို ခေါ်ခိုင်းလိုက်တယ်။"

ဖေဖေက ခေါ်ခိုင်းမှတော့ ကျွန်တော်လည်း အသာတကြည်လိုက်သွားရတာပေါ့။ ဟိုကို ရောက်ရင် ဘယ်လိုဖြေရှင်းချက်ပေးရမလဲလို့ လမ်းတစ်လျှောက်လုံးမှာ ကြိုစဉ်းစားခဲ့သေးတယ်။

ဆေးရုံမှာ ပြဿနာဖြစ်ပြီးကတည်းက ကျွန်တော့်ဆီကို တစ်ကြိမ်မှ လှမ်းမဆက်သွယ်ခဲ့ဘူးလေ။ ဖေဖေ စိတ်ဆိုးပြေလောက်မှ ဖုန်းလှမ်းဆက်ကြည့်ဦးမယ်ဆိုပြီး ကျွန်တော်က စိတ်ကူးထားခဲ့တာ။

အခုလိုမျိုး တကူးတကလာခေါ်တာကတော့ ထူးဆန်းတယ်။ မသိရင် ပြန်ပေးဆွဲခံရသလိုပဲ။

ပြီးတော့ လာခေါ်တဲ့လူတွေရဲ့ပုံစံက လူမိုက်တွေလိုမျိုး ကြမ်းကြမ်းတမ်းတမ်းနဲ့။ ဖေဖေ့တပည့်တွေထဲမှာ ဒီလိုပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူး။

ကားက ဖေဖေ့ကားမို့လို့သာ ယုံပေးလိုက်ရတာ။ မဟုတ်ရင် ကျွန်တော် အလစ်ချောင်းပြီး ထွက်ပြေးမိလောက်တယ်။

သို့လောသို့လော လျှောက်တွေးရင်းနဲ့ပဲ အိမ်ကိုတောင် ရောက်လာလေရဲ့။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now