🌹34🌹

11.5K 1K 10
                                    

(Unicode Version)

တက္ကသိုလ်တုန်းက သူငယ်ချင်းတွေရဲ့တိုက်တွန်းမှုကြောင့် ကလပ်ဆိုတဲ့နေရာကို ကျွန်တော် ပထမဆုံးရောက်ဖူးခဲ့ပြီလေ။ နဂိုကတည်းက လူစည်ကားတဲ့နေရာတွေဆို ရှောင်နေကျမို့ ကလပ်က ကျွန်တော့်အတွက် အဆင်ပြေတဲ့နေရာတစ်ခု မဟုတ်ခဲ့ပါဘူး။

"ဘုန်းရှိန်ထက်... မင်းအတွက် ဒီညက လူပျိုဘ၀ရဲ့နောက်ဆုံးညကွ။ အားရပါးရသာ ကဲပစ်လိုက်စမ်းပါ။"

"ဟေ့ကောင်... ကလပ်လာပြီး ဥပုသ်စောင့်နေတာလား။ ဘီယာဖြစ်ဖြစ် အရက်ဖြစ်ဖြစ် သောက်လေ။"

တစ်ယောက်တစ်မျိုးစီ ဝိုင်းပြောနေကြပေမဲ့ ကျွန်တော် ဆက်တိုက်ငြင်းဆန်နေခဲ့မိတယ်။ မနက်ဖြန် ကျင်းပမဲ့ မင်္ဂလာပွဲအတွက် အမှားအယွင်းမရှိအောင် ကျွန်တော် နေမှ ဖြစ်မယ်။

ဒီလိုနေရာ၊ ဒီလိုအခြေအနေမျိုးမှာ အရက်သောက်လိုက်ရင် အမှားတွေ အများကြီးပေါ်လာနိုင်တယ်မလား။ ပြီးတော့ ကျွန်တော်က အရက်ကို သောက်လေ့သောက်ထရှိတဲ့သူမှ မဟုတ်တာ။

အလုပ်သဘောအရ တက်ရောက်ရတဲ့ ပါတီပွဲမျိုးမှာ ဝိုင် ဒါမှမဟုတ် ကော့တေးကို ဟန်ပြသောက်ဖူးရုံလောက်ပဲ ရှိတာလေ။ ဒီလိုအပြင်းစားအရက်တွေရဲ့ဒဏ်ကို သည်းခံနိုင်မှာ မဟုတ်မှန်း ကြိုသိပြီးသားပါ။

"ငါ အဲဒါတွေကို မသောက်တတ်ဘူး။"

"ဟာကွာ... ဒီကောင်နဲ့တော့ ခက်တာပဲ။"

တကယ်တော့ ကလပ်ထဲက ဆူညံသံတွေနဲ့ လှိုင်ထနေတဲ့ အရက်နံ့တွေက မသောက်ဘဲနဲ့ကို မူးနောက်စေနိုင်‌လေရဲ့။

"ငါ အပြင်ခဏထွက်လိုက်ဦးမယ်။"

အားပါးတရပျော်ပါးနေကြတဲ့ သူတို့အုပ်စုကို ချန်ထားခဲ့ပြီး ကျွန်တော် ထွက်လာခဲ့မိတယ်။ ဒါပေမဲ့ ကလပ်ရဲ့အပေါက်ဝနားအရောက်မှာ မိန်းကလေးတစ်ယောက်နဲ့ မတော်တဆဝင်တိုက်မိပါလေရော။

"ဆောရီးပါ..."

တောင်းပန်နေရင်းနဲ့ တစ်ဖက်လူရဲ့အခြေအနေကို ကျွန်တော် လှမ်းကြည့်လိုက်မိတာပေါ့။

"ဟင်... မာယာ။ နင်က မာယာမလား။"

နာမည်ခေါ်သံကြားတော့ သူကလည်း မော့ကြည့်လာခဲ့တယ်။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Kde žijí příběhy. Začni objevovat