🌹22🌹

11.3K 1K 7
                                    

(Unicode Version)

ကျူရှင်ချိန်တွေက နေ့တိုင်းနီးပါးရှိနေတော့ ကျွန်တော်နဲ့ ဇာနည်နိုင်ကလည်း အမြဲလိုလိုတွေ့ဖြစ်ခဲ့တာပေါ့။ တစ်ဦးတည်းသောသားမို့ အဖော်မဲ့အထီးကျန်‌ဖြစ်ခဲ့ရတဲ့ ကျွန်တော့်အတွက် သူက အခင်တွယ်ရဆုံးအဖော်တစ်ယောက် ဖြစ်လာလေရဲ့။

"ဒီစန္ဒရားက ဘယ်သူတီးတာလဲ။"

စာသင်ခန်းထဲမှာ စာအုပ်တွေ ပြန်စီနေတုန်း သူက ကျွန်တော့်ကို လှမ်းမေးလာခဲ့တယ်။

"ငါ တီးတာလေ။"

"ဘယ်တုန်းက သင်လိုက်တာလဲ။"

"ဖေဖေက ငါ့ကို ဘက်စုံကျွမ်းကျင်အောင်လို့ လေ့ကျင့်ခိုင်းထားတာ။ ကျောင်းစာအပြင်ကို အားကစားပိုင်းနဲ့ အနုပညာပိုင်းကိုရောပေါ့။"

"အိပ်ဖို့နဲ့ စားဖို့အတွက်ရော အချိန်ကျန်သေးရဲ့လား။"

"ကျန်ပါတယ်။ အားကစားလုပ်ရပါတယ်ဆို အားပြတ်ပြီး သေလို့ ဘယ်ဖြစ်ပါ့မလဲ။"

"ပြိုင်ပွဲတွေရော ဝင်ပြိုင်ဖြစ်သေးလား။"

"အင်း... ပြိုင်ပွဲအတွက် သင်ရတာလေ။"

"မင်းကတော့ ပထမဆုချည်းပဲ ရမှာ သေချာတယ်။"

"တစ်ခါတလေ ဒုတိယရတဲ့အချိန်မျိုးလည်း ရှိပါတယ်။ အဲဒါဆိုရင်တော့ ကံဆိုးပြီပဲ။"

သူက သေချာစဉ်းစားကြည့်ပြီးမှ ကျွန်တော့်ကို ထပ်မေးခဲ့တာ။

"ဟိုတစ်ခါကလိုမျိုး အရိုက်ခံရတာလား။"

"ဆိုပါတော့။"

ကျွန်တော်က ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေလိုက်ပေမဲ့ သူကတော့ မျက်နှာပျက်သွားပုံပါပဲ။ ပြီးတော့ စကားတစ်ခွန်းကို ထူးထူးခြားခြားပြောလာပြန်တယ်။

"ငါ... တောင်းပန်ပါတယ်။"

သူ့ဆီကနေ တောင်းပန်စကားကို ကြားရတယ်ဆိုတာက အံ့ဖွယ်ဖြစ်စဉ်ပဲမလား။

"ဘာကို တောင်းပန်တာလဲ။"

"ကိုးတန်းနှစ်စတုန်းက ငါ ပြဿနာရှာလိုက်လို့ မင်း အရိုက်ခံရတာလေ။"

"ပြီးသွားတာဖြင့် ကြာလှပြီကို။"

"ကြာပေမဲ့ ငါမှ မတောင်းပန်ရသေးတာ။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now