🌹12🌹

11.9K 1.1K 30
                                    

(Unicode Version)

ကျောင်းနဲ့ အလှမ်းဝေးတဲ့နေရာကို ရောက်မှ ကျွန်တော်တို့ရဲ့ခြေလှမ်းတွေက ရပ်တန့်သွားခဲ့လေရဲ့။ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရတဲ့ ကျွန်တော့်လက်ကလည်း ချွေးတွေတောင် ထွက်နေပြီလေ။

ပြဿနာကောင်ကတော့ အဲဒါကို သတိထားမိပုံမရပါဘူး။ ကျွန်တော့်လက်ကို ပြန်လွှတ်မပေးဘဲနဲ့ အတင်းဆုပ်ကိုင်ထားတုန်းပဲ။

"ငါ့လက်ကို လွှတ်တော့။"

ကျွန်တော် ပြောလိုက်မှ သူက သတိဝင်လာပြီး လွှတ်ပေးခဲ့တာ။

"ဆောရီး..."

မောလွန်းလို့ ကျွန်တော်တို့မှာ စကားတောင် များများစားစားမပြောနိုင်ကြပါဘူး။ အမောပြေအောင် ခဏကြာတဲ့အထိ စောင့်လိုက်ရသေးတယ်။

"ငါ့ကို ‌ဘာလို့ ဆွဲခေါ်လာတာလဲ။"

"ဆွဲမခေါ်လို့ သူတို့လက်ထဲမှာ ပစ်ထားခဲ့ရမှာလား။"

ပြောပုံကိုက ဆောင့်ကန်ချင်စရာ။

"သူတို့နဲ့ ငါက ဘာရန်ငြိုးမှ မရှိဘူးလေ။"

"ရန်ငြိုးမရှိလည်း ဒီကောင်တွေက ပြဿနာမဖြစ်ဖြစ်အောင် တမင်လုပ်ကြမှာ။"

အဲဒါကတော့ ဖြစ်နိုင်တယ်။ ဟိုကောင်တွေက မဲမဲမြင်တာနဲ့ လိုက်ကိုက်ချင်နေကြတာ။

စောစောတုန်းကလည်း ကျွန်တော့်ကို မဆီမဆိုင်ဆွဲထည့်ပြီး သစ္စာဖောက်လို့ နာမည်ကောက်တပ်ပစ်တာလေ။ ဆက်စပ်တွေးကြည့်ပြီး ဒေါသစိတ်ပြေသွားမှ သူ့ကို ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။

ဘယ်လောက်ပဲ တိုက်ခိုက်ရေးမှာ တော်နေပါစေဦး၊ အများနဲ့ တစ်ယောက်ဆိုရင် ထိခိုက်မှုက ‌သေချာပေါက်ရှိလာမှာ။ သူလည်း ဘယ်နေရာတွေမှာ ထိလာသလဲ မသိ။

"ဒီဘက်ခဏလှည့်ဦး။"

သူက လမ်းမဘက်ကို ငေးနေရာကနေ ကျွန်တော့်ဘက်ကို လှည့်လာခဲ့တယ်။ ထင်ထားတဲ့အတိုင်း သူ့မေးရိုးအောက်နားက အထိုးခံရလို့ နီရဲနေတာပဲ။

ဒဏ်ရာအခြေအနေကို ကျွန်တော် ကြည့်နေတုန်းမှာ သူ့နှာခေါင်းသွေးက လျှံကျလာလေရဲ့။ မျက်စိရှေ့က သွေးထွက်သံယိုမြင်ကွင်းကို မသိချင်ယောင်ဆောင်ပြီး ရပ်ကြည့်နေရလောက်အောင် ကျွန်တော် မရက်စက်တတ်သေးပါဘူး။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now