🌹16🌹

11.8K 1K 12
                                    

(Unicode Version)

"နင့်နာမည်က ဘုန်းရှိန်ထက်မလား။"

စိတ်အပန်းဖြေဖို့ အပြင်ကို ထွက်လာပေမဲ့ အနောက်ကနေ မာယာက ကပ်ပါလာလေရဲ့။

"ဟုတ်တယ်။ ဘာဖြစ်လို့လဲ။"

"ဇာနည်က နင့်ကို တော်တော်ခင်တဲ့ပုံပဲနော်။ ကိတ်မုန့်ကိုတောင် နင့်တစ်ယောက်တည်းကိုပဲ ခွံ့ကျွေးခဲ့တာ။"

အာရုံနောက်နေတဲ့အချိန်မှာ နားမရှင်းစရာတွေကို မကြားချင်လို့ ကျွန်တော် ခပ်မာမာပဲ ပြန်ပြောလိုက်မိတယ်။

"နင်က ဘာပြောချင်တာလဲ။ ပြောစရာရှိတာကို တည့်ပြော။ သွယ်ဝိုက်မနေနဲ့။"

မာယာက ထူးဆန်းတဲ့အပြုံးနဲ့ ကျွန်တော့်အနားကို ဖြည်းဖြည်းချင်းတိုးလာခဲ့တယ်။

"စိတ်မရှည်တော့ဘူးလား။ ဒါဆိုလည်း လိုရင်းကို ပြောရတာပေါ့။"

ပြီးတော့ ကျွန်တော့်ရင်ဘတ်ကို သူ့လက်နဲ့ အသာအယာပွတ်သပ်ပါလေရော။

"ငါတို့ တွဲကြရအောင်။"

စောစောက မြတ်နိုးရဲ့အပြုအမူကို သူ ဘာလို့ စိတ်မဆိုးမှန်း ကျွန်တော် သိလိုက်ရပြီ။ သူနဲ့ ဇာနည်နိုင်က စိတ်ဓာတ်ချင်း အတူတူပဲ။

အချစ်ကို အလေးမထားဘဲ ကစားစရာတစ်ခုလို့ မှတ်ယူထားကြတဲ့သူတွေပေါ့။ ကျွန်တော်ကလည်း အဲဒီလိုလူတွေဆို အရမ်းမုန်းတာ။

"နင်တို့ရဲ့အချစ်မပါတဲ့ ကစားပွဲထဲကို ငါ ၀င်မပါချင်ဘူး။"

ကျွန်တော့်စကားကို ကြားတာတောင် မာယာက အပြုံးမပျက်သွားပါဘူး။

"နင့်ကို ကြည့်ရတာ ရည်းစားမထားဖူးဘူး ထင်တယ်။ အဲဒါကြောင့် အချစ်ကို ဒီလောက်အထိ တန်ဖိုးထားနေတာပေါ့။"

အချစ်ကို တန်ဖိုးထားတတ်ဖို့က ရည်းစားထားဖူးမှ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားနဲ့ပဲ သက်ဆိုင်တာ။

သူတို့ရဲ့စိတ်ဓာတ်က ကျွန်တော်နဲ့ တခြားစီပဲလေ။

"နင် ဘာလို့ ဇာနည်နိုင်နဲ့ တွဲခဲ့သလဲဆိုတာကို ငါ သိသွားပြီ။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now