🌹30🌹

11.9K 1.1K 26
                                    

(Unicode Version)

"ဟေ့ကောင်... ငါပြောတာ သူတို့လေ။"

"အေး... ငါလည်း သတိထားမိတယ်။ သူတို့က အမြဲတမ်း တပူးပူးတတွဲတွဲနဲ့ပဲ။"

"ရွံစရာကြီးကွာ။"

ခြေထောက်နာနေတဲ့ ကျွန်တော့်ကို ဇာနည်နိုင်က ‌ကျောင်းဂိတ်ဝကနေ အခန်းအထိ တွဲခေါ်လာချိန်မှာ တီးတိုးပြောဆိုသံတွေကို ကြားလိုက်ရတယ်။ သူတို့ ဘာတွေပြောနေကြမှန်း နားမလည်ပေမဲ့ ကျွန်တော်တို့နဲ့ ပတ်သက်ပြီး မကောင်းတာတစ်ခုခု ဖြစ်လိမ့်မယ်လို့ ယူဆရတာပဲ။

ဒီသံသယကို ပိုပြီးသေချာသွားစေတာက သူရတို့ကြောင့်ပေါ့။ နဂိုကဆို ကျွန်တော်တို့ အခန်းထဲ ဝင်လာတိုင်း သူတို့အုပ်စုက လှမ်းနှုတ်ဆက်နေကျလေ။

အခုကျတော့ ကျွန်တော်တို့ကို မမြင်ချင်ယောင်ဆောင်ပြီး တစ်ဖက်ကို လှည့်သွားလေရဲ့။

"သူတို့ကို ဂရုစိုက်မနေနဲ့။"

ဇာနည်နိုင်က တည်တည်ငြိမ်ငြိမ်ပြောလာခဲ့တယ်။ ဘာကိစ္စပဲဖြစ်ဖြစ် ဂရုမစိုက်တဲ့ မျက်နှာထားမျိုးနဲ့ ဆိုပါတော့။

"သူတို့ ဘာဖြစ်နေကြတာလဲဆိုတာကို မင်း သိထားသေးလား။"

"ငါလည်း မသိဘူး။ ဒါပေမဲ့ ဘယ်သူ ဘာပြောပြော ဂရုစိုက်မနေနဲ့။"

သူက ပြောပြောဆိုဆိုနဲ့ ကျွန်တော် ထိုင်ဖို့ ခုံကို ချပေးရှာတယ်။ ကျောင်းသားတချို့ကတော့ မသင်္ကာသလို အကြည့်တွေနဲ့ ခိုးကြည့်‌နေကြ‌တာပေါ့။

အဲဒီအချိန်မှာ ထက်မြက်အောင်က အခန်းထဲကို ဝင်လာပါလေရော။

"ထက်မြက်အောင်..."

ထက်မြက်အောင်က ကျွန်တော့်အနားကို မလာရဲသလို ပုံစံမျိုးနဲ့ ခပ်လှမ်းလှမ်းကနေပဲ မေးခဲ့တယ်။

"ဘာ... ဘာကိစ္စရှိလို့လဲ။"

"လူတွေက ငါတို့နှစ်‌ယောက်ကို ဘာလို့ ဝိုင်းကြည့်နေတာလဲ။"

"အဲ... အဲဒါက..."

တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတဲ့ ထက်မြက်အောင်ကို ဇာနည်နိုင်က ထအော်ပြီလေ။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now