🌹47🌹

12.9K 986 13
                                    

(Unicode Version)

အမှောင်ထုထဲမှာ လျှောက်သွားကြည့်ရင်းနဲ့ ထွက်ပေါက်တစ်ခုကို ကျွန်တော် တွေ့တယ်။ အဲဒီထွက်ပေါက်တံခါးကို ဖွင့်လိုက်ချိန်မှာ ရောင်စုံခြယ်ပန်းခင်းကြီးက စောင့်ကြိုနေလေရဲ့။

လိပ်ပြာလေးတွေရယ်၊ ရောင်စုံပန်းလေးတွေရယ် စုံလင်ပြီး မြင်မြင်သမျှက လှနေရောပဲ။ ကျွန်တော်လည်း အဲဒီအလှတရားတွေကို ခံစားကြည့်ရှုပြီး ဆက်လျှောက်နေမိတာ။

ခဏကြာတော့ ပန်းခင်းကြီးရဲ့အဆုံးနားမှာ လူရိပ်တစ်ခုကို တွေ့လိုက်ရတယ်။

'ဘယ်သူပါလိမ့်။'

သိချင်စိတ်နဲ့ သူ့အနားကို ကျွန်တော် ဖြည်းဖြည်းချင်း တိုးသွားခဲ့မိတယ်။ အနားကို ရောက်လေ၊ ပုံသဏ္ဍာန်က ပိုပြီးထင်ရှားလာလေပါပဲ။

သူက အမျိုးသမီးတစ်ဦးပါ။ ကျောပေးပြီး ရပ်နေလို့ သူ့မျက်နှာကို မမြင်ရပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ သူနဲ့ ရင်းနှီး‌နေသလို ခံစားရတယ်။

ကျွန်တော် ရောက်နေတာကို သူက မသိသေးဘူး ထင်တယ်။ ရောင်စုံပန်းလေးတွေထဲမှာပဲ အာရုံစိုက်ထားပြီး လိုက်ကြည့်နေခဲ့တာ။

"တစ်ဆိတ်လောက် မေးခွင့်ပြုပါခင်ဗျ။"

စကားစပြောလိုက်မှ သူက လှည့်ကြည့်လာလေရဲ့။ မြင်ကွင်းကတော့ အံ့အားသင့်စရာပါပဲ။

"ဟင်... မေမေ။"

ဓာတ်ပုံထဲမှာပဲ မြင်တွေ့ခဲ့ရတဲ့ မေမေ့ကို အခု မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရလိုက်ပြီလေ။ ဒါပေမဲ့ ကျွန်‌တော့်မေမေမှ ဟုတ်ပါ့မလား။

မေမေနဲ့ ရုပ်ချင်းတူတဲ့သူဆို ဘယ်လိုလုပ်မလဲ။ သေချာအောင်‌တော့ မေးကြည့်ရမယ်။

"မေမေ... ဟုတ်တယ်မလား။"

‌တစ်ဖက်လူက အေးချမ်းတဲ့ အပြုံးလေးတစ်ခုနဲ့ ခေါင်းညိတ်ပြခဲ့တယ်။ ကျွန်‌တော်လေ... ပျော်လွန်းလို့ မေမေ့ကို ချက်ချင်းပြေးဖက်မိတာပေါ့။

"၀မ်းသာလိုက်တာ... မေမေရယ်။ မေမေ့ကို အပြင်မှာ တစ်ခါလောက်မြင်ဖူးချင်တယ်လို့ သား အမြဲဆုတောင်းနေခဲ့တာ။ အခု သားရဲ့ဆုတောင်းက ပြည့်သွားပြီ။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now