🌹24🌹

11.3K 1.1K 28
                                    

(Unicode Version)

ကျွန်တော့်မွေးနေ့ပွဲဆိုပေမဲ့ ဖေဖေ့ရဲ့မိတ်‌ဆွေတွေနဲ့ ညစာစားပွဲလို့ ပြောတာက ပိုပြီးတိကျပါလိမ့်မယ်။ အဲဒီပွဲမှာ ကျွန်တော့်သူငယ်ချင်းက ငါးယောက်လောက်ပဲ ရှိတာလေ။

"ဇာနည်နိုင်က အခုထိ ရောက်မလာသေးဘူးလား။"

သူရတို့အုပ်စုက ရောက်ရောက်ချင်း ဇာနည်နိုင့်ကို မေးလေရဲ့။

"စောစောက ငါ ဖုန်းဆက်လိုက်သေးတယ်။ သူ ရောက်တော့မယ်တဲ့။ လာ... ထက်မြက်အောင်နဲ့အတူ ထိုင်ပြီး စကားပြောလိုက်ကြဦး။"

"ထက်မြက်အောင်က ရောက်တောင် ရောက်နေပြီလား။"

"‌ဟုတ်တယ်။ သူက အစောကြီးကတည်းက ရောက်နေတာ။"

သူရတို့ကို ထက်မြက်အောင် ရှိတဲ့ စားပွဲဝိုင်းဆီ ခေါ်သွားဖို့ ကျွန်တော် ခြေလှမ်းပြင်လိုက်မိတယ်။

"ဘုန်းရှိန်ထက်..."

အနောက်ဘက်က ကြားလိုက်ရတဲ့ အသံကြောင့် ကျွန်တော် အံ့အားသင့်ပြီး လှည့်ကြည့်မိတော့တာပေါ့။ အသံရှင်က ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါပဲ။

"ဂျက်ဆီကာ..."

အဲဒီအချိန်မှာ ဂျက်ဆီကာက ကျွန်တော့်ဆီကို အမြန်ပြေးလာပြီး ပွေ့ဖက်ပါလေရော။ သူက နိုင်ငံခြားမှာ အနေကြာလာတဲ့သူမို့ ဒီလိုအပြုအမူမျိုးက မထူးဆန်းပေမဲ့ သူရတို့အုပ်စုကတော့ ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားပြီလေ။

ဂျက်ဆီကာက ပွင့်ပွင့်လင်းလင်းနေတတ်ပြီး ခင်ဖို့ ကောင်းတယ်။ သူ့မိဘတွေနဲ့ ‌ဖေဖေက ရင်းနှီးလို့ ကျွန်တော်တို့နှစ်ယောက်ကလည်း ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ကြတာ။

ကျွန်တော့်အတွက်တော့ သူက ညီမလေးလိုပါပဲ။

"နင် ဘယ်တုန်းက ဒီကို ပြန်ရောက်တာလဲ။ ငါ့ဆီကိုတောင် လှမ်းမဆက်သွယ်ဘူး။"

"နင့်မွေးနေ့မှာ Surprise ဖြစ်သွားအောင်လို့ တမင်မပြောပြဘဲနဲ့ တိတ်တိတ်လေးပြန်လာခဲ့တာ။"

"ငါလည်း အခုတစ်လော စာထဲမှာ စိတ်နှစ်ထားရလို့ နင်နဲ့ မဆက်သွယ်ဖြစ်တာပါ။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now