🌹38🌹

12.3K 1K 31
                                    

(Unicode Version)

မေမေ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ပြင်ဦးလွင်မြို့လေးက ကျွန်တော်တို့ကို အေးချမ်းသာယာမှုတွေနဲ့ အဆင်သင့်စောင့်ကြိုနေခဲ့တယ်။ ဒီဇင်ဘာလမို့ နှင်းငွေ့လေးတွေ တဝေဝေနဲ့ပေါ့။

ခရီးစဉ်တစ်လျှောက်လုံး အပင်ပန်းခံလာရရှာတဲ့ ကားလေးက ခြံဝင်းငယ်တစ်ခုရဲ့ရှေ့မှာ မောကြီးပန်းကြီးထိုးရပ်သွားလေရဲ့။ ကားရပ်သွားတာနဲ့ ဇာနည်နိုင်က အရင်ထွက်သွားပြီး ကျွန်တော့်ကားတံခါးကို လာဖွင့်ပေးခဲ့တယ်။

ကျွန်တော့်ကို အခွင့်ထူးခံလူတန်းစားလိုမျိုး ဆက်ဆံပြနေတာလေ။ ဒီလိုလုပ်ပြနေလည်း အပိုပါပဲ။

ကျွန်တော် လိုချင်တာက လွတ်လပ်မှု... သူ့အနားမှာ ချုပ်နှောင်ခံထားရပြီး ဂရုစိုက်ခံရမှုကို လိုချင်တာမှ မဟုတ်တာ။

"အောက်ကို ဆင်းပြီး ကြည့်ကြည့်ပါဦး။ ဒီနေရာလေးက တအားလှတာ။"

ကျွန်တော် သူနဲ့ စကားတွေအများကြီး ပြောမနေချင်ဘူး။ သူ ပြောသလို လိုက်လုပ်ပေးပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ နေချင်တယ်။

အပေးအယူနဲ့ စတင်ခဲ့တဲ့ အိမ်ထောင်ရေးကို အပေးအယူဆန်ဆန်နေပြရုံပေါ့။ အရေးကြီးတာက ဖေဖေ ဒုက္ခမရောက်ဖို့ပါပဲ။

အဲဒါကြောင့် သူ့ကို ဘာမှပြန်မပြောဘဲ ကားပေါ်ကနေ ကျွန်တော် ဆင်းလာခဲ့မိတယ်။ ခြံဝင်းတံခါးကို သူ ဖွင့်လိုက်ချိန်မှာ မြင်လိုက်ရတာက အေးချမ်းတဲ့အသွင်အပြင်မျိုးနဲ့ အိမ်ငယ်လေးတစ်လုံးကိုပါ။

"ဒီအိမ်နဲ့ ခြံက မင်းအတွက် ကိုယ့်ရဲ့မင်္ဂလာဦးလက်ဆောင်လေ။ သဘောကျရဲ့လား။"

ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ အိမ်ပုံစံမျိုးမို့ ကျွန်တော် နှစ်သက်ပါတယ်။ ဒါပေမဲ့ သူ့ရှေ့မှာ သဘောကျကြောင်း ထုတ်မပြချင်တာနဲ့ စိတ်မဝင်စားသလို ဟန်ဆောင်လိုက်ရတယ်။

"လာ...အထဲကို သွားကြည့်ရအောင်။"

သူ့ရဲ့ဦးဆောင်မှုအတိုင်း အိမ်ထဲကို ရောက်သွားတော့လည်း အခန်းတွင်းပြင်ဆင်ပုံတွေက စိတ်ကျေနပ်စရာပါပဲ။ အားလုံးက ကျွန်တော့်အကြိုက်နဲ့ ကိုက်ညီတယ်။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now