🌹2🌹

18.9K 1.4K 20
                                    

(Unicode Version)

"ဇာနည်နိုင်... သားကြီးရေ။ ငါ့ကို ကူညီပါဦးကွာ။"

ထမင်းအမြန်စားပြီး သင်္ချာအိမ်စာတွေ တွက်နေချိန်မှာ ကျက်သရေတုံးကောင်ရဲ့သူငယ်ချင်းတစ်ယောက်က အော်ကြီးဟစ်ကျယ်နဲ့ ကျွန်တော်တို့အခန်းထဲကို ရောက်လာခဲ့တယ်။ မကြားချင်ယောင်ဆောင်ထားပေမဲ့ သူတို့ ပြောသမျှက နားထဲကို အလိုလိုတိုးဝင်နေတာလေ။

တကယ်ကို စိတ်ပျက်စရာပါပဲ။

"ဘာဖြစ်လာရပြန်ပြီလဲ။"

"ငါ့ကောင်မလေးကို (C)တန်းက ကောင်က ရည်းစားစကား လာပြောသွားတယ်တဲ့။"

"အဲ့တော့ ငါက ဘာလုပ်ပေးရမှာလဲ။"

"အဲ့ကောင်ကို နောက်မလုပ်ရဲ‌တော့အောင် နည်းနည်းလောက် ဆုံးမပေးစမ်းပါကွာ။"

ဒီလိုကောင်မျိုးကို ဆရာတင်တဲ့သူက ဦးနှောက်ပျက်နေပြီလား မသိ။ အထင်ကြီးစရာ၊ လေးစားစရာရယ်လို့ တစ်ကွက်တောင် မရှိတဲ့ဟာကို။

အရူးဘုံမြှောက်တယ်ဆိုတာ ဒါမျိုးကို ပြောတာ နေမယ်။

"ကောင်းပြီလေ။ ည‌နေ ကျောင်းဆင်းရင် ဘယ်ကောင်လဲဆိုတာ ငါ့ကို လိုက်ပြ။"

"ဟုတ်ပြီ။ ကျေးဇူးပဲ... သားကြီးရေ။ ဒါဆို ငါ သွားတော့မယ်။"

ဆူညံသံတွေကတော့ တိတ်သွားပြီ။ စာထဲမှာ စိတ်နှစ်ထားမှ ဖြစ်မယ်။

အိမ်ပြန်ရောက်တာနဲ့ ကျူရှင်က ဆက်တက်ရဦးမှာ။ ဒီအိမ်စာတွေကို အိမ်အထိ ယူသွားရင် စောစောနားလို့ ရမှာ မဟုတ်ဘူး။

"ဇာနည်... နင် မုန့်သွားမစားဘူးလား။"

ကျွန်တော့်အတွေးမဆုံးခင်မှာပဲ နောက်တစ်ယောက်က ထပ်ရောက်လာလေရဲ့။ ဒီတစ်ခါကတော့ မိန်းကလေးပေါ့။

"အင်း... မုန့်ဈေးတန်းသွားရမှာ ပျင်းလို့။"

"နင် ကြိုက်တတ်တဲ့ မုန့်လေးတွေကို ငါ ၀ယ်လာတယ်။ ရော့..."

ငပျင်းကောင်ကို အားပေးအားမြှောက်လုပ်နေတဲ့သူတွေရဲ့ခေါင်းထဲမှာ ဘာတွေများ ရှိနေမလဲလို့ ကျွန်တော် ခဏလောက်ဖွင့်ကြည့်လိုက်ချင်တယ်။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now