🌹36🌹

12.2K 1K 23
                                    

(Unicode Version)

ဒီနေ့ ကျွန်တော့်ရဲ့မင်္ဂလာပွဲကို ကျင်းပဖြစ်ခဲ့ပေမဲ့ အိမ်ထောင်ဖက်ကတော့ ကိုးနှစ်တာလုံးလက်တွဲခဲ့တဲ့ တိမ်လွှာ မဟုတ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်တော့်နှလုံးသားကို နင်းချေခဲ့တဲ့၊ ကျွန်တော် ရူးလောက်အောင် ချစ်ခဲ့တဲ့ ဇာနည်နိုင်နဲ့ လက်ထပ်ခဲ့ရတာပါ။

ဒါပေမဲ့ ကျွန်တော် ဘယ်လိုလုပ်ပျော်နိုင်မှာလဲ။ ဒီလက်ထပ်ပွဲက ကျွန်တော့်ဆန္ဒမပါဘဲ ခြိမ်းခြောက်မှုကြောင့် မငြင်းသာလို့ လက်ခံလိုက်ရတာမျိုး။

အဲဒါကို သူက မေ့လျော့ပြီး ကျွန်တော် ပျော်နေမယ်လို့ ယူဆထားသလား မသိ။ ပုံမှန်လိုပဲ စကားတွေ လာပြောနေလေရဲ့။

"ထမင်းစားချိန်တောင် ကျော်နေပြီ။ မင်း ဘာစားချင်လဲ။ ကိုယ် လှမ်းမှာပေးမယ်။"

ကျွန်တော့်ပခုံးကို လှမ်းကိုင်ပြီး ပြောလာတဲ့ သူ့ကို မေးခွန်းတစ်ခုပဲ ပြန်မေးလိုက်မိတယ်။

"ငါ့ဖုန်းရော။"

"တစ်ပတ်ကြာရင် ပြန်ပေးပါ့မယ်။ အခုက ကိုယ်တို့ရဲ့ကြင်စဦးအချိန်ဆိုတော့ သူများကို ဂရုမစိုက်ဘဲနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေကြရအောင်။"

'ကြင်စဦးအချိန်' လို့ အဲဒီသောက်ပါးစပ်‌က ပြောထွက်ရဲသေးတယ်။ ကျွန်တော်က သူနဲ့ တီတီတာတာပြောပြီး ပျော်နေရမတဲ့လား။

ဆယ်နှစ်အတွင်းမှာ ဒီကောင် သွက်သွက်ခါအောင် ရူးသွားတာပဲ။

"ငါ့ကို တိမ်လွှာ စိတ်ပူနေလိမ့်မယ်။"

ချက်ချင်းဆိုသလိုပဲ ကြည်လင်ရွှင်ပျနေတဲ့ သူ့မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်သွားတော့တာပေါ့။ ကျွန်တော့်ကိုလည်း မျက်မှောင်ကြုတ်ပြီး ကြည့်လာခဲ့တယ်။

"မင်းဆီကနေ တိမ်လွှာဆိုတဲ့အသံကို မကြားချင်ဘူး။"

သူ မကြိုက်လေ၊ ကျွန်တော်က ပိုပြောချင်လေ ဖြစ်လာတယ်။ ကျွန်တော့်ကို ဒုက္ခမျိုးစုံပေးထားပြီး သူက ပျော်ပြနေတော့ ဘယ်တရားပါ့မလဲ။

"သူက ငါနဲ့ ကိုးနှစ်ကျော်လောက် လက်တွဲလာခဲ့တဲ့သူ။ မင်းသာ ၀င်မရှုပ်ခဲ့ရင် အခုချိန်ဆို ငါတို့က ဟန်းနီးမွန်းခရီးမှာ ရောက်နေလောက်ပြီ။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Donde viven las historias. Descúbrelo ahora