🌹14🌹

11.7K 1.1K 29
                                    

(Unicode Version)

"မင်းက ဘယ်တက္ကသိုလ်ကို တက်မှာလဲ။"

ထင်ထားတဲ့အတိုင်းပါပဲ။ ကျွန်တော် စာဖတ်ပြီဆိုတာနဲ့ သူက စကားစပြောပြီလေ။

မဖြေလို့ကလည်း မဖြစ်ဘူး။ မဖြေသရွေ့ ဇွဲကောင်းကောင်းနဲ့ ဆက်မေးတတ်သေးတာ။

"YTU(Yangon Technological University)"

အဲဒါက ဘာမှန်းတောင် သူ သေချာသိပါ့မလား။ ထူးတော့ ထူးဆန်းတယ်။

သူက စာမလုပ်ပေမဲ့ နှစ်တိုင်း(A)ခန်းရတယ်တဲ့။ သူ့မိဘတွေက ဖေဖေ့လိုမျိုး ငွေနဲ့ လိုက်ထားတာများလား။

ဒါပေမဲ့ သူ့ပုံစံကို ကြည့်ရတာတော့ ပြည့်စုံတဲ့မိသားစုက ဆင်းသက်လာတဲ့သူမျိုး မဟုတ်သလိုပဲ။ သူက ဖြစ်ကတတ်ဆန်းနေတတ်လို့ အဲဒီလိုမထင်ရတာများလား။

"အဲဒီတက္ကသိုလ်ရဲ့ဝင်ခွင့်အမှတ်က မြင့်တယ်မလား။"

သူ့အသံကြားမှ ကျွန်တော်လည်း တွေးနေရာကနေ အသိပြန်ဝင်လာခဲ့တယ်။

"အင်း... ကြားဘာသာလေးခုမှာ အမှတ်များမှ ရမှာ။"

သူ့အသံတိတ်သွားလို့ ကျွန်တော်က စာထဲမှာ ပြန်ပြီးအာရုံစိုက်ထားမိတာပေါ့။ တော်တော်ကြီးကြာတဲ့အထိ သူ့ဆီကနေ အသံမကြားရတော့ဘူးလေ။

လူတွေရဲ့စိတ်က လုံးဝမှန်းဆကြည့်လို့ မရနိုင်ပါဘူး။ အခုလိုမျိုး သူ့အသံကို မကြားရတော့ တစ်ခုခုလိုနေသလို ခံစားရပြန်ရော။

အဲဒါကြောင့် သူ ဘာလုပ်နေသလဲဆိုတာကို ကျွန်တော် လှည့်ကြည့်ခဲ့မိတယ်။ မြင်လိုက်ရတဲ့မြင်ကွင်းက မယုံကြည်ချင်စရာပါပဲ။

သူက စာထိုင်ကျက်နေလေရဲ့။

"ဒီနေ့ ထီထိုးရမယ်ထင်တယ်။"

သူက ကျွန်တော့်ဘက်ကို လှမ်းကြည့်တယ်။

"ဘာဖြစ်လို့လဲ။"

"မင်း စာလုပ်တာကို မြင်ဖူးပြီလေ။"

သူက အလေးအနက်ထားပြီး ပြန်ဖြေခဲ့တာ။

"စာကြိုးစားမှ ဖြစ်ဝောာ့မှာ။"

"ကောက်ကာငင်ကာကြီး ဘာလို့ စာထလုပ်တာလဲ။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now