Chapter 53 Extra 4

14.5K 663 40
                                    

Hotel ခန်းထဲ ၀င်လာသော လရိပ်၏ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားရသည်က . . . .

လရိပ်၏ ခြေဖဝါး အောက်တွင် ပန်းပွင့်ချပ်များနှင့် အလှဆင်ထားသော လျှောက်လမ်းလေး တခုနှင့် အတူ

ထို လျှောက်လမ်းလေးရဲ့ အဆုံးမှာ လရိပ် အရမ်း ချစ်ရသော

အပြာရောင် နှင်းဆီ ပွင့်ချပ်များနှင့် ဖန်တီးထားသော

" Happy Valentine's Day ပါ ကိုယ်ရဲ့ နှလုံးသားလေး လရိပ်ရောင် "

ဟူသော စာတန်းလေး . . . . . .

" ဘယ်လိုလဲ ? ကိုယ့်ရဲ့ လရိပ်လေး သဘောကျလား ?"

ခေါင်းလေးကို ငြိမ့်ပြလိုက်တော့ ရှင်းသန့်က လရိပ်ရဲ့ ခါးလေးကို ဖက်ထားပေးရင်း . . . .

" ကိုယ် ဒီမြို့‌လေးမှာ အပြာရောင် နှင်း‌‌ဆီတွေ ရဖို့ အများကြီး ကြိုးစားခဲ့ရတယ် ဒါပေမယ့်လည်း ချစ် သဘောကျတဲ့ ကိုယ် ကြိုးစားရတာ တန်ပါတယ် "

ထို စကားလေးကို ကြားလိုက်ချိန်တွင် အပျော်များကြောင့် ကျလာသော မျက်ရည်များကို အမြန်လေး သုပ်ပစ်လိုက်ရင်း

" ကိုကို့ကို အရမ်း ချစ်တယ် "

ရှင်းသန့်ရဲ့ ရင်ခွင်ထဲ တိုး၀င်လိုက်တော့ ရှင်းသန့်က အလိုက်တသိ တင်းကျပ်စွာ ပြန်ဖက်ထားပေးရင်း

" ကိုကိုလည်း လရိပ်ကို အရမ်း ချစ်တယ် "

ရှင်းသန့်ရဲ့ စကားလေး အဆုံးမှာ ရှင်းသန့်၏ အပြုံးပန်းလေး နှင့် နှုတ်ခမ်းလေးကို

လရိပ် ဘက်က အရင် ခြေဖျားလေး ထောက်ရင်း နမ်းလိုက်တော့ . . . .

အငိုက်မိသွားသော ရှင်းသန့် တယောက် အနည်းငယ် အံ့ဩသွားပြီး . . . .

" ကိုယ့် ဘ၀မှာ မင်းရဲ့ ပျော်ရွှင်မှုက အရေးကြီးဆုံးပါ အချစ်ရယ် "

ရင်ခုန်သံတွေ မြန်လာစေရ‌သော စကားလေးနှင့် အတူ

လရိပ်၏ အနမ်းများကို ပြန်လည် တုံ့ပြန်လာသည်။

အချိန် ကြာလာသည်နှင့် အမျှ ဖြူစင်သော အနမ်းများက ပူလောင်သော အနမ်းများသို့ ပြောင်းလဲသွားပြီး. . . . .

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now