Chapter 38

8.1K 607 33
                                    

   ရှင်းသန့် ,  တိုက်ရှေ့ ရပ်လိုက်သော ကားတစီးကို အမှတ်မထင် အကြည့် ရောက်သွားမိတော့ ကားပေါ်က လူက . . . .

   လရိပ် ဖြစ်နေပြီး မောင်းလာသူက ဦးသီဟ ဖြစ်နေသည်မို့ မယုံနိုင် ဖြစ်သွားရသည်။

   ဘာကြောင့် လရိပ်က ထို လူရဲ့ ကားပေါ်တွင် ပါလာသည်ကို စဉ်းစားလို့ မရသလို

  တွေးရင်း ဒေါသ များလည်း ထွက်လာရသည်။

   လရိပ်က ကားပေါ်က ချက်ချင်း မဆင်း. . . .  .

  ထို သူနဲ့ စကားများ ပြောနေသေးသည်မို့ . . . .

    ရှင်းသန့် စိတ်အတိုင်းသာဆို လရိပ်ကို  သွားခေါ်လိုက်ချင်သည် ။  

  ဒါပေမယ့်  ဒီ အိမ်ရာ၀င်း အတွင်းမှာ ပြသနာ မဖြစ်ချင်သောကြောင့်

     ဆူပွက်လာသော ဒေါသများကို မြိုသိပ်ထားရင်း

    လရိပ် အိမ်ထဲ ၀င်သွားတော့မှ ရှင်းသန့် လိုက်၀င်လာခဲ့လိုက်သည်။

    ✨✨✨✨✨✨✨✨✨✨✨✨

"ကိုကို ပြန်လာပြီလား "

   လရိပ်က အိမ်နေရင်း အကျီ အပါးလေးကို လဲထားပြီး ဘာမှ မဖြစ်သလို မေးလာတော့
  
"မင်း ဒီနေ့ ဘယ်သွားသေးလဲ "

  ရှင်းသန့် လေသံ အနည်းငယ် မာသွားပေမယ့်

    ရှင်းသန့် အမေးကို လိမ်ဖြေရန် ကြိုးစားနေသော လရိပ်ကတော့ သတိမထားမိ ။

" ဘယ်မှ မသွားပါဘူး အိမ်မှာ တနေ့လုံး နေနေတာ "

   လရိပ်က မုသားလေးကို မျက်နှာ တချက် မပျက် လှလှလေး ပြောလိုက်သည်ကို သူ လုံး၀ မယုံနိုင်မိ

  ' မင်း သီဟနဲ့ သွားတွေ့တယ် မလား ' လို့ ဗြောင် မေးချင်ပေမယ့် သူ့ကို လရိပ်ရောင်

   ဘယ်လောက် အထိ လိမ်ထားနိုင်မလဲ သိချင်သည်မို့ မသိချင်ယောင်သာ ဆောင်နေလိုက်ပြီး

" ကိုယ် ပင်ပန်းလာတယ် သွားနားတော့မယ် "

   ရှင်းသန့် အခန်းထဲ ရောက်တော့ လက်ထဲက ဖိုင်တွဲများကို ဒေါသနဲ့ လွင့်ပြစ်လိုက်မိသည်

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now