Chapter 42

8.3K 644 19
                                    

" အင်း! ကိုကို ပို့ပေးလိုက်တဲ့ ပန်းစည်းလေး ရတယ် "

     Fashion Castle သို့ ရောက်လာသော ရှင်းသန့် deli နဲ့ ပို့ပေးလိုက်သော

    လရိပ် အရမ်း ချစ်ရသော အပြာရောင် ပန်းစည်းလေးကို မြတ်နိုးခြင်းများဖြင့် ပွေ့ဖက်ထားရင်း

   ပန်းစည်းလေး  လက်ခံရရှိကြောင်း ပြောပြီး ဖုန်းချလိုက်တော့ . . . . .

"ဘာလို့ အဲ့ဒီလို ကြည့်နေတာလဲ "

    လရိပ်ကို နားမလည်နိုင်စွာ ကြည့်နေသော သူငယ်ချင်း 4 ယောက်ကို မေးလိုက်မိတော့

"လရိပ် နဲ့ ရှင်းသန့်က အခု ကွဲနေတာလား တွဲနေတာလား "

     မင်းသူက စိတ်ရှုပ်ရင် လုပ်နေကြ အတိုင်းခေါင်းတွေကုတ်ရင်း မေးလာသည်မို့

"အင်း . . . . . ကွဲသလိုလို တွဲနေတာ "

"ကျေးဇူးတင်ပါတယ် ပိုရှုပ်အောင် ပြောပြပေးလို့ "

    မေမီရဲ့ ရွဲ့ပြောလိုက်သော စကားမှာ လရိပ် သဘောကျစွာ ရီလိုက်ရင်း

"ရှင်းအောင် ပြောရရင် . . . လရိပ် ဘွဲ့ရတဲ့ နေ့ အထိ နှစ်ဦး သဘောတူ ဟန်ဆောင် လမ်းခွဲထားကြတာ "

     လရိပ် စကားကြားတော့ ပိုရှုပ်သွားဟန် သူငယ်ချင်း လေးယောက် တယောက် မျက်နှာ တယောက် ကြည့်ရင်း

" နှစ်ဦး သဘောတူ ဟန်ဆောင် လမ်းခွဲတယ်လို့ ရှိတယ်လား ?"

"ဘာလို့ ဟန်ဆောင် လမ်းခွဲထားတာလဲ ? "

   တယောက် တခွန်း မေးလာသော ယုယနဲ့ အာကာကို

" ရှင်းသန့် အဖေကြောင့်ပေါ့ "

    ထို အတ္တကြီးသော အဘိုးကြီး၏ မျက်နှာကို အမှတ်ရမိသော အခါ အသည်းထဲ အထိ ကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်လာရသည်။

"သူက ဘာလုပ်ပြန်ပြီလဲ ? အဲ့ အဘိုးကြီးကို ငါတို့ တုတ်နဲ့ ရိုက်ပေးရမလား ? သေနတ်နဲ့ ပစ်ပေးရမလား "

      ဦးမင်းနောင် ရှေ့မှာဆို အမြဲ ဒူးတုန်အောင် ကြောက်နေ တတ်ကြသော သူများက အခုလို လရိပ် အတွက် ပြောပေးလာသော အခါ

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now