Chapter 23

11.8K 862 10
                                    

လရိပ် ကို ကျောင်းအပြန် ကား parking နားက စောင့်နေတော့ လရိပ်က Fashion Castleကို သွားမှ ဖြစ်မယ် ဆိုပြီး သူ့ကားနဲ့ သူ ပြန်မည်ဟု ပြောလာတော့

"စောစော ပြန်လာခဲ့နော် "

  ရှင်းသန့် အိမ်သော့ ကို ယူရင်း ပြောလိုက်သည်။

"အင်းပါ "

"ကိုကို ညစာ ချက်ထားပြီး စောင့်နေမယ်နော်"

  လရိပ်က ရှင်းသန့် စကားကြားတော့ ပြာပြာသလဲ အတင်းတားတော့သည်။

"မချက်နဲ့ မချက်နဲ့ "

"ဘာလို့လဲ လရိပ်ရဲ့"

"မီးဖိုထဲ တခါမှ မ၀င်ဖူးဘူး မလား။ တော်ကြာ မီးတွေ ဘာတွေ လောင်နေမှာ စိုးလို့"

  လရိပ်က အားတုံအားနာ ပြောလာတော့ ရှင်းသန့် မီးဖို ထဲ တခါမှ မ၀င်ဖူးသည်ကို ၀န်မခံချင်သည်မို့

"ဟာ ကိုကို ချက်တတ်ပါတယ် "

လရိပ်က မယုံ။

"ကိုကို မချက်တော့ပါဘူး "

ရှင်းသန့် ကတိပေးလိုက်မှ လရိပ်က စိတ်ချသွားပြီး ကားလေးကို မောင်းထွက်သွားသည်။

✨✨✨✨✨✨✨✨✨✨✨✨✨✨

   လရိပ်ကို ပေးထားသော condo ကို မသွားမှီ အမေ့ကို နှုတ်ဆက်ရန် အိမ်ကို အရင် သွားလိုက်သည်။

   ရှင်းသန့် အိမ်မှာ မနေ။ သူငယ်ချင်းတစ်ယောက်နဲ့ သူ ၀ယ်ထားသော condo မှာ သွားနေမည်ဆိုတော့ အမေက သဘောမကျ။

"သားရယ် သားဖေဖေက သားကို စိတ်ဆိုးပြေနေပါပြီ အိမ်မှာပဲ နေပါ"

"သား မနေချင်ဘူး အမေ ။ သား သူငယ်ချင်းနဲ့ အကုန် ပြောဆိုပြီးပြီ ။ သား အဲ့ condo မှာပဲ နေလိုက်တော့မယ် "

  သူ့ကို ဘယ်လိုမှ တားမရမှန်း သိနေသဖြင့် အမေက ဘာမှ ဆက်မပြောတော့ ။

"ဒါနဲ့ သား သူငယ်ချင်းက ဘယ်သူလဲ ။ ဇိုင်းတို့ တွေလား"

  အမေ့ အမေးကို သူ ကြိုတင် စဉ်းစားထား သော အလိမ်အညာ အဖြေတခု ပေးလိုက်သည်။

"ဟင့်အင်း ကျွန်တော်နဲ့ ကျောင်းမှာ ခင်တဲ့ သူငယ်ချင်း ။ ပြောလည်း အမေ မသိပါဘူး "

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now