Chapter 25

12.2K 950 26
                                    

  လရိပ် မေမီ နှင့် နှင်းဆီ ပြန်သွားတော့ တစ်ယောက်တည်း ဒီဇိုင်းပုံများ ဆွဲရင်း ကျန်ခဲ့သည်။

  ဆိုင်ပိတ်ပြီးပြီ ဖြစ်သောကြောင့် အိမ်ပြန်ရမည်ကို သိသော်လည်း အိမ် မပြန်ချင်။ ရှင်းသန့် နှင့် ဟို စကားများ ပြောရမည်ကို ရှက်နေမိသည်။

  ခေါင်းထဲ တချက် စဉ်းစားမိသည်က မြန်မာနိုင်ငံက ယောကျာ်းလေးများ အရက်နှင့် ရဲဆေး တင်တတ်ကြသည့် အကြောင်း . . .

ဟုတ်ပြီ! သူ ရဲဆေး နည်းနည်းတင်လိုက်မည်။

  Singapore မှာ နေတုံးက Alvin နှင့် သွားသောက်ခဲ့ဖူးသည့် အရက် အတွေ့အကြုံ ရှိခဲ့ဖူးသည်မို့ လရိပ် အတွက် အရက်က သိပ်မစိမ်း ။

  လရိပ် ရေခဲသေတ္တာထဲက မင်းသူ နှင့် အာကာ ဆောင်ထားသော ဘီယာဘူး တစ်ဘူး ကို ယူလိုက်ပြီး တစ်ငုံ သောက်လိုက်သည်။ နောက် တစ်ငုံ။ နောက် တစ်ငုံ . . .

  မေမီ ကားကို မောင်းထွက်လာပြီးမှ သတိရသည်က memory stick ကျန်ရစ်ခဲ့သည်။ ဒီည ပုံတွေ ဆွဲရမည်မို့ ထို stick မရှိလို့က မဖြစ်သည်မို့ ကားကို ပြန်လှည့် လာခဲ့လိုက်တော့ . . .

"ဟယ်! လရိပ်! "

Sofa ပေါ်တွင် ခွေခွေလေး မှောက်နေသော လရိပ်ကို ဆွဲထူတော့ အရုပ်‌ကလေးလို ပါလာသည်။

  အနားက ဘီယာဘူး ခွံများကို တွေ့တော့ အရက်မူးနေသည်ကို သိလိုက်ရပြီး ခေါင်းကြီးသွားရသည်။

' ဘယ်လိုလုပ်ရပါ့ '

  လရိပ်ရဲ့ ဖုန်းကို တွေတော့ တော်သေး . .   password က ခက်ခက်ခဲခဲ မဟုတ် လရိပ်ရဲ့ မွေးနေ့!

    password ကို ဖြည်ပြီး ရှင်းသန့် ကို ချက်ချင်းဖုန်းဆက်လိုက်တော့ ရှင်းသန့်က လာခဲ့မယ်တဲ့ ။

  လရိပ်က တိုးတိုးလေး ဘာတွေ  ရေရွတ်နေသည် ကို မေမီ နားမလည် ။ တခါမှ အရက်မူးသူ မပြုစုဘူး သဖြင့် ဘာမှလည်း မလုပ်တတ်။

"သူ ဘယ်မှာလဲ "

   ရှင်းသန့် ရောက်လာတော့မှ မေမီ သက်ပြင်းချနိုင်တော့သည်။

✨✨✨✨✨✨✨✨✨✨✨✨✨✨

   ရှင်းသန့် ‌လရိပ် သူငယ်ချင်းရဲ့ ဖုန်းကို ရရချင်း fashion Castle ကို အမြန်သွားလိုက်သည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now