Chapter 22

12.9K 918 26
                                    

    ရှင်းသန့် ကလော hotel မှ ၀န်ထမ်းများကို လိုအပ်သည်များ ညွန်ကြားနေချိန်တွင် အဖေ့ဆီမှ ဖုန်း၀င်လာသဖြင့် ရင်ထဲ ထိပ်ခနဲ . .  ။

"ဟုတ်ပြောပါ အဖေ"

  ၀န်ထမ်းများနှင့် ဝေးရာကို လျှောက်လာခဲ့ရင်း ဖုန်းဖြေလိုက်တော့ အေးစက်တဲ့ အဖေ့ အသံက ဟိန်းထွက်လာသည်။

"မင်း ဘွဲ့ယူဖို့ မစဉ်းစားတော့ဘူးလား "

"ဗျာ ?"

"မဗျာနဲ့   ဒီမှာ မင်း သူငယ်ချင်းတွေ graduation မတိုင်မီ final project ပြီးဖို့ အသေအကြေ  ကြိုးစားနေတာကို မင်းက ဟိုမှာ ဘာလုပ်နေတာလဲ"

"အဖေပဲ ကျွန်တော့်ကို ရန်ကုန် ပြန်မလာနဲ့ဆို"

"အဲ့လို အသုံးမ၀င်တဲ့ဟာဆို စကားနားထောင်တယ် "

"ဒီမှာ ဟေ့ကောင် မင်း မနက်ဖြန် ရန်ကုန်ကို ပြန်ခဲ့ ဘွဲ့ရအောင် လုပ်ပြီးမှ ကလော ပြန်သွား ။ ဒါပဲ!"

အဖေက သူ့ အမိန့် ချမှတ်ပြီး ဖုန်းချသွားသည်။

  ဘာပဲပြောပြော ရန်ကုန် ပြန်ရင် လရိပ်နှင့် အတူရှိနေခွင့်ရမည်. .။

    ရှင်းသန့် အတွက် အမြတ်မို့ ပေါ့ပါးတဲ့ ခြေလှမ်းများ နှင့် ပစ္စည်းများ သိမ်းရန် သူ့ အခန်းဆီ ပြန်လာလိုက်သည် . .။

လရိပ် ကို ဖုန်းခေါ်ရမလား တချက် စဉ်းစားလိုက်ပြီး မခေါ်ရန် ဆုံးဖြတ်လိုက်သည်။ လရိပ်ကို သူ surprise လေး ဖြစ်သွားစေချင်သည် . .။

✨✨✨✨✨✨✨✨✨✨✨✨✨✨

  ရှင်းသန့် ရန်ကုန်ကို ရောက်သည် ဆိုသည်နှင့် ပထမဆုံး သွားလိုက်သည်က ပန်းအလှ‌ဆိုင်ကို ဖြစ်သည်။

    ထို ဆိုင်တွင် ကြိုတင်မှာယူထားသော နှင်းဆီပြာ တစ်စည်းကို ၀င်ယူပြီး Uni သို့ မောင်းလာလိုက်သည်။

လရိပ်ရဲ့ ကားလေး ရပ်နေကျ ကားပါကင်နားက အကွယ်လေးတွင် နှင်းဆီပြာ ပန်းစည်းကို ကိုင်ရင်း ရင်ခုန်ခြင်းများစွာဖြင့် လရိပ်ကို ရှင်းသန့် စောင့်နေမိသည် . .။

ဟော ချစ်ရသူ မောင်းနှင်လာသော ကားပြာပြာလေးလာပြီ !

ရင်တွေ တဒိတ်ဒိတ်ခုန်ရင်း လရိပ် သူ့ အနား ရောက်လာမည်ကို စောင့်နေလိုက်သည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now