Chapter 12

15.6K 1.3K 29
                                    

"ဒါက Alvin "

  Alvin, ဖူးပွင့်ရဲ့ သူငယ်ချင်းများကို Alvin ရဲ့ trademark အပြုံးချိုချို လေးနဲ့ ပြုံးပြ နှုတ်ဆက်လိုက်သည်။

"ဒါက စေမန်။ ဒါက ရှင်းသန့် ဒါက ဇိုင်း "

   ဖူးပွင့် စကား အဆုံး ဇိုင်းနဲ့ မျက်လုံးချင်း ဆုံမိချိန်တွင် Alvin ရဲ့ အပြုံးများ ပျောက်ကွယ်သွားသည်။  သို့ပေမယ့် ဟန်ဆောင်ကောင်းလှသော Alvin အပြုံးတပွင့်ကို ချက်ချင်း ပြန် အသက်သွင်းလိုက်သည်ကို ဇိုင်းက လွဲ၍ မည်သူမျှ မမြင်လိုက် . . .

"ဟုတ် တွေ့ရတာ ၀မ်းသာပါတယ်"

   Alvin ရှင်းသန့်ကို အကဲခတ်ကြည့်မိတော့ . . .

   အ၀တ်အစားများ သေသေသတ်သတ် smart ကျစွာ ၀တ်ဆင်တတ်သည်။ အသားဖြူဖြူလေးနဲ့ အလွန်ချစ်ဖို့ကောင်းသော လရိပ်နဲ့ ပြောင်းပြန် ၊ ရှင်းသန့်က အသားညိုညို အရပ်ရှည်ရှည်နဲ့ ဗမာချော ချောသည်။  body ချင်း ယှဉ်ကြည့်ပြန်ရင်လည်း gym ဆော့ထားသော ရှင်းသန့် ရဲ့ body က တောင့်သည်။ လရိပ်ကတော့ သေးသေးပိန်ပိန် လေး ဖြစ်သည်။

'နှစ်ယောက်သား တွဲသွားရင်တော့ အရမ်း လိုက်ဖက်မှာပဲ '

  Alvin မိမိအတွေးနဲ့ အတူ ပြုံးနေမိသည်မှာ မိမိကို စိုက်ကြည့်နေသော မျက်လုံးတစုံကို သတိမထားမိ . . .

"လရိပ်နဲ့ Alvin က ဘယ်တုံးတည်းက သိကြတာလဲ " ဖူးပွင့်က မေးလာတော့ . . .

"ကျွန်တော် Singapore စရောက်တည်းကဆိုတော့ 4 နှစ်လောက်တော့ ရှိပြီ ။ တကျောင်းလုံးမှာ မြန်မာနိုင်ငံသားဆိုလို့ ကျွန်တော်တို့ နှစ်ယောက်တည်းရယ်လေ။ အဲ့တော့ တယောက်ကို တယောက် ဖေးမကူညီရင်း ရင်းနှီးလာကြတာပေါ့။ သူ့ကို မြန်မာစကား သင်ပေးခဲ့တာ ကျွန်တော်လေ "

  သွက်သော Alvin က လရိပ်အစား ဖြေပေးလိုက်ပြီး လရိပ်ကတော့ ခေါင်းလေးသာ ညိမ့် ပြလိုက်သည်။

လရိပ်တယောက် ဒီ ဝိုင်းကို စထိုင်တည်းက ရှင်းသန့်ဘက်ကို မကြည့်မိအောင် ကြိုးစားနေမိသော်လည်း မိမိ ရှေ့တွင်ထိုင်နေသော ရှင်းသန့်ကို မကြည့်ဖို့ဆိုသည်မှာလည်း တော်တော်ပင် ခက်သည်။ တခါတလေ အကြည့်ချင်း ခလုပ်တိုက်မိပါက အမြန် မျက်နှာလွှဲလိုက်သည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Dove le storie prendono vita. Scoprilo ora