Chapter 14

14.6K 1.1K 25
                                    

"လရိပ် ကို ချစ်တယ် "

   ရှင်းသန့် စကားအဆုံးမှာ လရိပ်က အံဩသွားသော မျက်လုံးဝိုင်းဝိုင်းလေးများနဲ့ လှမ်းကြည့်တော့

"ကို မင်းကို အရမ်း ချစ်တယ် "

  လရိပ် မယုံကြည်မည်စိုး သဖြင့် နောက်တကြိမ် ထပ် ပြောလိုက်မိသည် ။

"မင်း Alvin နဲ့ ချစ်သူတွေဆိုရင် ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ခံစား ချက်တွေ ကို မထိန်းနိုင်တော့လို့ ဖွင့်ပြောမိတာပါ"

  လရိပ် က တခုခု ပြန်ပြောရန် နှုတ်ခမ်းဖူးဖူးလေးများကို ဖွင့်ဟလိုက်တော့ သူ လရိပ် ငြင်းလိုက်မည်ကို ကြောက်သဖြင့် ကြောက်အားလန့်အား ပြောလိုက်မိသည်။

  လရိပ်က မျက်မှောင် တချက်ကြုတ်လိုက်ရင်း . . .

" Alvin နဲ့ လရိပ် က သူငယ်ချင်းတွေပါ "

   လရိပ် စကားကြောင့် ရှင်းသန့် yes! ဟု တချက် လက်သီးစုပ်ကာ တိုးတိုး‌လေး အော်လိုက်မိသည်။

   လရိပ်ကို မျှော်လင့်ချက် အပြည့်နဲ့ ကြည့်လိုက်ရင်း. . .

"လရိပ် ကိုယ့်ကို အဖြေ ပြန်ပေးနိုင်မလား "

" လရိပ် . . . "

  လရိပ်က ပြောမယ့် စကားများကို ခဏရပ်လိုက်ပြီး  မျက်လုံးများကို တချက် လွှဲလိုက်သည်။

   ဒီတခါ ရှက်စိတ်ကြောင့် မျက်နှာလွဲချင်း မဟုတ်ဘဲ ၀မ်းနည်းနေဟန် လရိပ်ရဲ့ အမှုအရာကြောင့် ရှင်းသန့် စိတ်ပူသွားမိသည်။

  လရိပ်များ ငြင်းလိုက်ရင် ရှင်းသန့် ဘယ်လိုလုပ်ရမလဲ. . . အတွေးများ မဆုံးခင် ကြားလိုက်ရသည်က . . .

" လရိပ် ရှင်းသန့် အချစ်ကို လက်မခံနိုင်ပါဘူး "

ရှင်းသန့် အတွက် လရိပ်ရဲ့ အဖြေဖြစ်သည် ။
 
   လောကကြီးတခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရပြီး ရင်ဘတ်ထဲမှာ စူးခနဲ နာကျင်သွားမိသည်။  ရင်ထဲ ပူလောင်မှုတွေ ဆူပွက်လာပြီး ယောင်္ကျားတယောက် ဖြစ်သည်ကို မေ့ထားပြီး ငိုချင်လာမိသည်။

   လရိပ် ရှင်းသန့် ကို ဘယ်နည်းနဲ့မှ လက်မခံမည်ကို ရှင်းသန့် သိလျက်နဲ့ ရှင်းသန့် အချစ်များကို သူ မထိန်းနိုင်ခဲ့ ။ ၀န်ခံခဲ့သည် ။ 

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Où les histoires vivent. Découvrez maintenant