Chapter 34

8.6K 726 12
                                    

" ငါပေးထားတဲ့ တပတ်ပြည့်ပြီ လမင်းမောင်"

  အိမ်ထဲသို့ ၀င်လာသော သီဟ ရဲ့ စကားကြောင့် လမင်းမောင် ငိုင်နေရာမှ အသက်၀င်လာသည်။

"မင်းမှာ သိန်း ၅၀၀၀ ရှိနေပြီလို့ မျှော်လင့်ပါတယ် "

   သီဟ လမင်းမောင်ကို အကဲခတ်ကြည့်မိတော့ လမင်းမောင် ပုံစံက အရင်လို သားသားနားနား ပုံစံမဟုတ် ။

  အ၀တ်အစားများက မသတ်မခပ်။ ဆံပင်များကလည်း ပွယောင်းနေပြီး . . .

  စိတ်နှင့် လူနှင့် မကတ်သလို အဝေးကိုသာ ငေးကြည့်နေသည်။

  သီဟ လမင်းမောင် ရှေ့တွင် ၀င်ထိုင်လိုက်တော့ ဘေးတွင်ချထားသော ခရီးဆောင်အိတ် အသေးလေးကို တွန်းပို့ပေးလိုက်သည်မို့

" မင်း ကတိတည်တာ ၀မ်းသာပါတယ်ကွာ "

   အတူပါလာသော တပည့်တယောက်ကို ငွေတွေ စစ်ခိုင်းရင်း လမင်းမောင်နဲ့ စကားပြောကြည့်ဖို့ ကြိုးစားပေမယ့် လမင်းမောင် ပုံစံက လူကောင်း တယောက်နဲ့ မတူ ။

  နှစ် ၃၀ ကျော် ပေါင်းလာခဲ့သော်လည်း သူငယ်ချင်းဖြစ်သူကို အခုလို စိတ်နဲ့ လူနဲ့ မကတ်သလို ပုံကို တခါမှ မမြင်ဖူးခဲ့သည်မို့ သီဟ အကြအကျယ် အံ့ဩမိသလို စိတ်ပူလာမိသည်။

"မင်း ပိုက်ဆံတွေ လိမ်သွားတဲ့ ထိုင်းဘက်က ကောင်တွေရဲ့ သတင်းရော ရလား "

"မသိဘူး "

လမင်းမောင်က ခတ်ပြတ်ပြတ်ဖြေပြီး အဝေးကိုသာ ငေးကြည့်နေမြဲမို့

  သီဟ သက်ပြင်းတချက် ချလိုက်ရင်း ဆက်မမေးရန် ဆုံးဖြတ်လိုက်သည်။

" ဆရာ ၂၀၀၀ ပဲ ရှိတယ် ဆရာ "

"မင်း ဘာလုပ်တာလဲ လမင်းမောင် "

သီဟ အတွက်လည်း ထိုပိုက်ဆံများက အရေးကြီးသော အခြေအနေတခုမို့ ဒေါသနဲ့ အော်လိုက်မိပေမယ့်

လမင်းမောင်ကတော့ အေးဆေးစွာ ပြောလာသည်။

"ငါ့မှာ ပိုက်ဆံ မရှိဘူး ။ ဒါ ငါ့မှာ ရှိတာ အကုန်ပဲ  "

"မင်း သူများ ပိုက်ဆံ ယူပြီးသွားရင် ပြန်ပေးရမယ် ဆိုတာ မသိဘူးလား  "

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now