Chapter 51 Extra 2

8.8K 553 24
                                    

ခွမ်း !

သူ့ လက်ထဲမှ အစိတ်စိတ် အမွှာမွှာ လွတ်ကျ ကွဲကြေသွားသော ဖန်ခွက်လေးကို ကြည့်ရင်း . . . .

" သား , တနေ့လုံး ဟိုဟာ လွတ်ကျ ဒီဟာ လွတ်ကျနဲ့ သားရဲ့ စိတ်တွေ ဘယ်ရောက်နေတာလဲ ? "

အမေက မေးလာတော့ သူ ‌အမှန်အတိုင်း မပြောပြချင်မိသောကြောင့် ခေါင်းခါလိုက်ရင်း လိမ်လိုက်မိသည်။

" ဘာမှ မဖြစ်ပါဘူး "

" သေချာလို့လား ?"

သူ အမေ့ကို ခေါင်းငြိမ့်ပြရင်း သေချာကြောင်း ထပ်မံ ပြောပြလိုက်ပေမယ့်

" သား ရန်ကုန်ကို ပြန်ချင်နေတာမလား ?"

ရှင်းသန့် တွက်ထားသည့် အတိုင်း အမေ့ကို လိမ်ပြောလို့မရခဲ့ ။

" ကျွန်တော် ပြန်ချင်ပေမယ့် . . . . မပြန်သေးပါဘူး "

အမြဲ အလုပ်ကိုသာ အချိန်အပြည့်‌ ပေးထား တတ်သော သူ ,

အမေ ဆေးရုံတွင် ရှိနေစဉ် အချိန်လေးမှာတော့ အမေ့ ဘေးမှာ ရှိနေပေးသင့်သည်ဟု ထင်ပါသည်။

" အမေက အဆင်ပြေပါတယ် ။ သား ပြန်လိုက်ပါလား ?"

" မပြန်သေးပါဘူး မာမီရယ် "

ရှင်းသန့်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို နားလည်လိုက်သော အမေက ဆက်မတိုက်တွန်းတော့ . . . .

✨✨✨✨✨✨✨✨✨✨✨✨✨✨

" Alvin ! ကိုကို ဘာလို့ ငါ့ကို ဖုန်းမခေါ်တာလို့ ထင်လဲ ?"

စားပွဲပေါ်ကို ခေါင်းငိုက်စိုက်ကျရင်း ငိုမဲ့မဲ့ မျက်နှာထားနှင့် သူငယ်ချင်း ဖြစ်သူ၏ အမေးကို . . . .

" သူ့မှာလည်း အရေးကြီး ကိစ္စ တခုခု ရှိလို့ နေမှာပေါ့ "

အေးစက်နေသော ကော်ဖီခွက်လေးကို ဘေးသို့ တွန်းပို့ရင်း ဖြောင်းဖြပေးဖို့ ကြိုးစားလိုက်တော့

" လရိပ်က သူ့အတွက် အရေးကြီး ကိစ္စလောက် အရေးမကြီး တော့ဘူးလို့ ပြောချင်တာလား ?"

ထိုအခါမှ အခြေအနေက ပိုဆိုးသွားရသည်။

Alvinစွမ်း ရေ . . . . သူများ အတွဲကြား ၀င်ပါချင်တာ မင်း အခု သေစမ်း !

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Donde viven las historias. Descúbrelo ahora