Chapter 41

8.5K 767 14
                                    

   မနက်ခင်း တခု အသစ် တဖန် စတင်လာပြီ ဖြစ်သည်။

    အိပ်ခန်း ပြတင်း ခန်းဆီးစများမှ တိုး၀င်လာသော မနက်ခင်း နေရောင်ကြောင့် အိပ်ရာမှ နိုးလာသော ရှင်းသန့် တယောက် ,

  အလုပ်သွားရန် တမင် အစောကြီး အိမ်မှထွက်လာခဲ့တော့

"သား မေမေ မနက်စာ ပြင်ထားတယ် စားသွားပါလား"

     မနက် အစောကြီး ထပြီး သူ့ အကြိုက် ပေါင်မုန့်ကြော် လုပ်ပေးထားသော  အမေ့ကို  အားနာပေမယ့်

    အမေနဲ့ စကားမပြောချင်သေးသည်မို့ မကြားချင် ယောင်ဆောင်ရင်းသာ ထွက်လာလိုက်ခဲ့သည်။

    အလုပ်သို့ မသွားခင် အရင် ၀င်လိုက်သည်က လရိပ် အဖေရဲ့ အိမ်ကို . . . .

    ဦးလမင်းမောင် က လရိပ်ရောင် တယောက် မနိုးသေးဘူး ဟုပြောသောကြောင့်

     လရိပ် အတွက် ၀ယ်လာသော မနက်စာကို ပေးခဲ့ပြီး အလုပ်သို့ ထွက်လာခဲ့လိုက်သည်။

     ၀န်ထမ်းများကို လိုအပ်တာများ ညွှန်ကြားရင်း မြည်လာသော ဖုန်းသံနဲ့ အတူ ဖုန်းခေါ်လာသူကြောင့်

   စိတ်ပင်ပန်း နေရသော သူ့ အတွက် အပြုံးပန်းများ ပွင့်လာစေပြီး အမြန်လေး ဖုန်းကိုင်လိုက်တော့

"မနက်စာ အတွက် Thank you ပါ ကျွန်တော့ရဲ့ Ex ကိုရှင်းသန့် "

     ထို စကားလေးကို ပြောလိုက်သော လရိပ်ရဲ့ အသံက ရီသံနှောနေပြီး  နောက်ပြော နေသည်မှာ သိသာပေမယ့်

    သူ့ အတွက်တော့ ရင်ထဲမှာ အကြောက်တရားများက လှိုင်းလုံးကြီးများလို ရိုက်ခတ်သွားရသည်။

" မနောက်ပါနဲ့ကွာ "

"မနောက်ပါဘူး ~ လရိပ်တို့ နှစ်ယောက်က မနေ့ညကမှ ပူပူနွေးနွေး လမ်းခွဲထားကြတာလေ "

     လရိပ်ရောင်က သူ့ စကားသူ သဘောကျစွာ ရီနေသော်လည်း ရှင်းသန့် ရင်ထဲတွင်တော့

     ဓားနဲ့ မွန်းနေသလိုမျိုး နာကျင်နေရသည်မို့ သူ တိတ်ဆိတ်စွာ ငြိမ်နေမိတော့

"အလကား စတာပါ လရိပ် ကျောင်းသွားတော့မယ် ။ ဒါပဲနော် "

"ခဏလေး! ညနေကျ ကိုကို အိမ်ကို လာခဲ့မယ် "

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now