Chapter 9

17.1K 1.3K 34
                                    

  ဖူးပွင့် အမေရဲ့ အသံကြောင့် ရှင်းသန့် မျှော်လင့်ချက်ကြီးစွာဖြင့် အိမ်ထဲသို့ ၀င်လာသော အသက် 70 ကျော် အမျိုးသမီးကြီးနဲ့ ယောကျာ်းသား တယောက်ကို ကြည့်မိတော့ . . .

လရိပ်ရောင် မဟုတ်သည့်အတွက် ရှင်းသန့်မျောက်တကောင်လို မှိုင်ကျသွားသည်။

အဘွားမေ က သူ့ အတွက် ပြင်ဆင်ပေးထားသော နေရာတွင် ထိုင်လိုက်ပြီး လရိပ် ဦးလေးဖြစ်ဟန်တူသော ထိုလူက မိတ်ဆွေများကို လိုက် နှုတ်ဆက်နေသည်။

" အဘွားမေ မြေးလေးရော မပါဘူးလား။ ခေါ်ခဲ့တာ မဟုတ်ဘူး ။ မိဖူးနဲ့ မိတ်ဆက်ပေးရအောင်လို့ "

ဖူးပွင့် အဘွားစကားကို ရှင်းသန့် သဘောမကျမိ။

"မြေးလေးက သူငယ်ချင်းတယောက် က ဖုန်းဆက်လို့  ခုနလေးကမှ ရန်ကုန် ပြန်သွားတယ်။ အာ့ကြောင့်ပေါ့ မဟုတ်ရင် ဘွားမြေး ဘယ်လောက် ဖြူနုပြီး ချောကြောင်း ကြွားချင်လို့ ကို ခေါ်ခဲ့မှာ"

    ဘွားမေ စကားကြောင့် လူအများ ပွဲကျသွားပေမယ့် မရီနိုင်သည်က ရှင်းသန့် . .။

'သူငယ်ချင်းတဲ့ သူ့ မှာ သူ ငယ်ချင်း ရှိလို့လား '

  ရှင်းသန့် တယောက် အတွေးနယ်ချဲ့နေခိုက် လရိပ် ဦးလေးက ရှင်းသန့်ထိုင်နေသော ဝိုင်းမှ မိတ်ဆွေတယောက်ကို လာနှုတ်ဆက်သည်။ စကားကောင်း နေချိန် ဖုန်းသံကြောင့် စကားစ ပြတ်သွားပြီး . . .

"အင်း လရိပ်လေး ပြော"

   ဖုန်းဆက်သူမှာ လရိပ် ဖြစ်သည်ဆိုသောကြောင့် ရှင်းသန့် လရိပ်ဦးလေး ဖုန်းပြောသည်ကို သေချာနားထောင်နေမိသည်။

"အဲ့ဒါမှ ဒုက္ခပဲ လေးလေးက 12 လောက် အလုပ် ပြန်ပြေးရအုံးမှာ  ဘယ်လို လုပ်ရပါ့မလဲ "

  လရိပ်ဦးလေးရဲ့ အဆိုကြောင့် ရင်ထဲ ထိပ်ခနဲ . .။

' ဘာများ ဖြစ်လို့ပါလိမ့် '

သိချင်သော်လည်း မမေးရဲ ။

"ဘာဖြစ်လို့လဲ ဦးငယ်"

  ဘယ်အချိန်ထဲ က အနားရောက်နေမှန်း မသိသော ဖူးပွင့်မက မေးလိုက်သည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now