Chapter 43

8.4K 673 20
                                    

   အိမ်တံခါးကို ဒုန်းခနဲ ဖွင့်ရင်း အိမ်ထဲသို့ တယီးတယိုင် ၀င်လာသော သားဖြစ်သူကြောင့်

     သားကို မအိပ်ဘဲ အခု အချိန် အထိ စောင့်နေမိသူ ဒေါ်၀တီ လန့်သွားရသည်။

   ရှင်းသန့်ကတော့ သူ့ကို မမြင် အရက်တွေ အရမ်း မူးလာပြီး

    သူ့ အခန်းဆီ ရောက်အောင် ခြေလှမ်းများကို ထိန်းရင်း  မနည်း လျှောက်နေရသည်ကို ကြည့်ရင်း

    သား ဘယ်လောက် အသည်းကွဲ နေရသည်ကို နားလည်လိုက်ရသည် ။

    သား ဒီလို ခံစားနေရသည်ကို ဒေါ်၀တီ မကြည့်ရက်သည်မို့

    သား ဖြစ်သူရဲ့ အခန်းတံခါး ပိတ်သွားပြီး တအိမ်လုံး တိတ်ဆိတ် သွားချိန်တွင် 

  ဒေါ်၀တီ တွေဝေမှုများကို မေ့ထားလိုက်ပြီး ဆုံးဖြတ်ချက် တခုကို ခိုင်မာစွာ ချလိုက်ရင်း

    ဦးမင်းနောင်၏ စာကြည့်ခန်း တံခါးသော့ကို ဖြေးဖြေးလေး လှည့်ဖွင့်လိုက်သည်။

✨✨✨✨✨✨✨✨✨✨✨✨✨

   ရှင်းသန့် အိပ်ရာ နိုးတော့ မနက် 11 နာရီ !

    မနေ့ညက စိတ်ညစ်ညစ်နဲ့ ‌အများကြီး ‌သောက်လာသောကြောင့် ခေါင်းတွေ အသေကိုက်နေသည်။

   ခေါင်းကိုက် သက်သာစေရန် နားထင်ကို နှိပ်ပေးရင်း လရိပ် နဲ့ ရန်ဖြစ်ခဲ့သည်များကို စဉ်းစားမိတော့

"ငါ လွန်သွားတယ် ထင်တယ်"

    သူ လွန်ခဲ့သည်ကို နားလည်မိသည်မို့ ဖုန်းဆက် တောင်းပန်ဖို့ ကြိုးစားပေမယ့်

    လုံး၀ မရ . . . . ကောက်စိန်လေးက ဖုန်းကို ပိတ်ထား‌တော့

"မင်းပဲ စိတ်ကောက် တတ်တာလား ငါလည်း ကောက်တတ်တာပဲ "

     မကျေမနပ် တယောက်တည်း ရေရွတ်ရင်း သူ့ ဖုန်းကို ပိတ်ပစ်လိုက်တော့သည်။

   တနေ့လုံး လရိပ်ရောင်ကို ကောက်ပစ်မယ် တွေးထားပေမယ့် နာရီ လက်တံများ၏ တချောကချောက် ရွေ့လျှားသံ နှင့်အတူ

     ရှင်းသန့်ရဲ့ စိတ်များလည်း ပြောင်းလာသည်။

    သူ လရိပ် နဲ့ အပြိုင် ကောက်လို့မဖြစ် . . . .

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now