Chapter 27

10.5K 805 14
                                    

"လရိပ် ဒါက မခြူး တဲ့ ဇိုင်းရဲ့ အမလေ ။ ကိုကို လက်ထပ်ရမယ့်သူ "

ရှင်းသန့်က ပေါ့ပေါ့လေး ပြောလိုက်သော်လည်း လရိပ် ရင်ထဲ ဓားပေါင်း တစ်‌သောင်း ထိုးစိုက်လိုက်သလို ခံစားလိုက်ရသည်။

"မ ဒါက လရိပ်ရောင် တဲ့ မောင့်ရဲ့ ချစ်သူ"

လရိပ်ကို မခြူးဆိုသူ က တချက် လှမ်းကြည့်ပြီး အရေးမပါသလို ရှင်းသန့်ကို သာ စကား ဆက်ပြောနေသည်။

"မောင့်ကို တွေ့တာနဲ့ အတော်ပဲ။ ခြူးတို့  သူငယ်ချင်းတွေ ကလောကို အလည်သွားကြမလို့ အဲ့ဒါ မောင် အကြံပေးပါအုံး "

  လရိပ်ရဲ့ ချစ်သူက ထို မိန်းမ ကို စကားတွေ တသီကြီး ပြောနေလိုက်တာ နှစ်ယောက်လုံး လရိပ်ကို ရှိသည်လို့တောင် ထင်ပုံမရ . . . . ကြာလာတော့ လရိပ် စိတ်တိုလာသည်။

  ရှင်းသန့်ကို တခွန်းမှ မပြောဘဲ ဆိုင်ထဲက ထွက်လာခဲ့လိုက်တော့ ရှင်းသန့်က လိုက် ထွက်မလာ . . . . ထို မိန်းမနှင့် စကားကောင်းနေဆဲ . . .

"လရိပ်ကို လိုက်မချော့ဘူးပေါ့။ ရတယ်လေ သေတောင် မခေါ်တော့ဘူး "

လရိပ် စိတ်နာနာနှင့် တွေးလိုက်ပြီး taxi တစ်စီးကို လှမ်းတားလိုက်တော့ . . .

"လရိပ်!! "

လရိပ် နာမည်ကို ခေါ်ရင်း လရိပ် ရှိရာ ရှင်းသန့် အပြေး လာနေသည်ကို မြင်လိုက်ရသော်လည်း လရိပ် ဂရုမစိုက် . . .

    ရရာ taxi ကို တားပြီး taxi ပေါ် တက်ရန် ပြင်တော့ ရှင်းသန့်က taxi တံခါးကို ပိတ်ပစ်လိုက်ပြီး taxiသမားကို ဆက်မောင်းသွားရန် ပြောလိုက်သည်။

"လရိပ်ကို လွှတ်"

  လရိပ် ဘယ်လိုပြောပြော ရှင်းသန့်က မလွှတ် . . .

  လရိပ် လက်ကို တင်းတင်း ဆွဲကိုင်ပြီး သူ့ကားနားကို ဆွဲခေါ်သွားသည်။

"လရိပ်  ဘာလုပ်တာလဲ ကိုယ် ရှိနေရဲ့သားနဲ့ ဘာလို့ taxi ကို တားရတာလဲ"

လရိပ်ကို ကားပေါ် ထိုင်စေပြီး သူလည်း driver နေရာတွင် ၀င်ထိုင်ကာ လရိပ်ကို ဟောက်လိုက်တော့ . . .

"လူလိမ်ကြီး ခင်ဗျားမှာ လက်ထပ်ရမယ့် သူရှိရဲ့နဲ့  လရိပ်ကို လာကစားနေတယ် "

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now