Chapter 15

14.5K 1K 26
                                    

ရှင်းသန့် တယောက် တချောက်ချောက်ဖြင့် ကွန်ပျူတာထဲသို့ စာရင်းများထည့်နေသည်မှာ မနက် 1 နာရီကျော်နေပြီ ဖြစ်သော်လည်း မအိပ်နိုင်‌သေး ။ စာရင်းများကို အပြီးသတ်ရန်သာ အာရုံရောက်နေမိသည်။

   ရှင်းသန့် ဘေးက စားပွဲပေါ်မှာတော့ဆွဲလက်စ ခဲခြစ်ပန်းချီလေး .  . .

Computer screen ကနေ ထို ပန်းချီလေးကို အကြည့်ရောက်သွားတော့ ထို ပန်းချီလေးထဲက ကောင်လေးက အလှပဆုံး အပြုံးလေးနဲ့ ရှင်းသန့်ကို ပြုံးပြနေသည် ။

  တိတိကျကျ‌ ပြောရရင် ရှင်းသန့် အပြင်မှာ နောက် တကြိမ် မြင်ခွင့် မရှိတော့သော အပြုံးလေး ဖြစ်သည်။  အပြုံးပိုင်ရှင်လေးက လွယ်လွယ်လေး ရက်စက်နိုင်ပေမယ့်  ရှင်းသန့်ကတော့ ထို အပြုံး ပိုင်ရှင်လေးကို အရမ်းလွမ်းသည် ။

  ရှင်းသန့် လရိပ်နဲ့ မတွေ့သည်မှာ တလခန့် ရှိပြီ ဖြစ်သည် ။

လရိပ်ရဲ့ ငြင်းဆိုမှု ကို ခံရပြီး အရက်တွေသောက်သည် ။ club တွေ သွားခဲ့သည်။ ဘ၀ကို လေလွင့်ရင်း စိတ်ထင်ရာ  လုပ်ပစ်ချင်ခဲ့သော်လည်း သူငယ်ချင်းများ တားခဲ့ကြသည်။

   နောက်ဆုံး  အသည်းကွဲ ဒဏ်ရာများကို  မေ့ဖျောက်ရန်  အလုပ်ထဲမှာ ခေါင်းနှစ်ထားရန် ဆုံးဖြတ်လိုက်သည် ။

အမြဲတမ်း အဖေ့ company အလုပ်များကို လှည့် မကြည့်‌သော ရှင်းသန့်က အလုပ်၀င်လုပ်မည်ဆိုတော့ အဖေရော အမေပါ အံ့ဩသွားခဲ့ကြသည် ။

  အဖေက ရှင်းသန့်ကို ကလောရှိ အဖေ အသစ်ဖွင့်ထားသော Hotel တွင် အလုပ်လုပ်ရန် လွှတ်တော့ အမေက သဘောမကျ . . .

    ရှင်းသန့်ကတော့ သဘောကျသည်။ လရိပ်ကို ကျောင်းမှာ အဝေးကနေ မြင်ရတိုင်း ခံစားရတဲ့ ဒဏ်ရာများက ဝေးအောင် လရိပ်နဲ့ ဝေးရာကို ထွက်သွားလိုက်သည် ။

  လရိပ်ကို မမြင်ရတော့ရင် တဖြည်းဖြည်း အနည်ထိုင်လာပြီး ဒဏ်ရာများ သက်သာလာမယ် ထင်ခဲ့ပေမယ့် ရှင်းသန့် အမှားကြီး မှားသွားခဲ့သည်။

  မမြင်ရတော့ ရူးအောင် လွမ်းရသည်။ လရိပ်ကို လွမ်းတိုင်း စိတ်ကူးထဲ ပုံဖော်ရင်း ပန်းချီတွေ ဆွဲနေခဲ့သည်မှာ အခု ရှင်းသန့် နေထိုင်နေသော အခန်းရဲ့ နံရံ တခုလုံး လရိပ် ပုံတူ ပန်းချီများ နှင့် အပြည့် !

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now